မြိုင်နယ်ထဲ စစ်အုပ်စုကို မိုင်းဆွဲရာက တိုက်ပွဲဖြစ်၊ စကစ ငါးယောက် သေပြီး ဆိုက်ကယ်တစ်စီး သိမ်းဆည်းရရှိ၊

မြိုင်နယ်ထဲ စစ်အုပ်စုကို မိုင်းဆွဲရာက တိုက်ပွဲဖြစ်၊ စကစ ငါးယောက် သေပြီး ဆိုက်ကယ်တစ်စီး သိမ်းဆည်းရရှိ၊

MFP ၊ နိုဝင်ဘာ - ၁၄

မကွေးတိုင်း မြိုင်နယ် ကန်ကလေးရွာကို လုယ်ဓားပြတိုက် မီးရှို့ပြီး ပြန်လာတဲ့ စစ်အုပ်စုကို မနေ့က ညနေပိုင်း မိုင်းဆွဲတိုက်ခိုက်ရာက နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားပြီး စကစ ငါးယောက်ထက်မနည်း သေကာ ဆိုင်ကယ်တစ်စီး သိမ်းဆည်း ရရှိတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တပ်ရင်း(၁) - စင်္ကြာ ဒေသကာကွယ်ရေး တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ(၁၃)ရက် ညနေ(၅)နာရီခွဲက မြိုင်မြို့နယ်၊ ကန်ကလေးရွာကို လုယက်ဓားပြတိုက် မီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်အုပ်စုနဲ့ ပျူတွေကို မြိုင် ပကဖ တပ်ရင်း(၁) - စင်္ကြာ - ဒေသကာကွယ်ရေးတပ်ဖွဲ့၊ Myaing Under Ground Defence Force (MUGDF) နှင့် Southern Myaing Young Boys Forces (SMYBF) တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကန်ကလေးရွာအား မီးရှို့ထွက်ခွာလာသော စခနှင့် သရက်ကန် ပျူစောထီးများကို ကန်ကလေး အနောက်ဘတ် သုံးဖာလုံ အကွာတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါသည်။ ယင်းသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တတ်ဘတ်မှ ငါးဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ခဲ့ပါသည်။ သေဆုံးသွားသည့် စခအလောင်းများကို ဖောကား၊ အိမ်စီးကားတို့ဖြင့် တင်ဆောင်ကာ သရက်ကန် ပျူ‌ရွာအတွင်းလို့ ပြန်လည် ဆုတ်ခွာသွားပါသည်။ ယင်းတိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘတ်မှ ဆိုင်ကယ်တစ်စီး သိမ်းဆည်းရရှိခဲပါသည်” လို့ စင်္ကြာ ဒေသကာကွယ်ရေး တပ်ဖွဲ့က ဖော်ပြပါတယ်။

မြိုင်နယ်ထဲ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လုယက်၊ ဓားပြတိုက်၊ လူသတ်၊ မီးရှို့၊ ဖမ်းဆီး ငွေညှစ်တာတွေ ကျူးလွန်နေသလို ဒေသခံတချို့ကိုလည်း ပျူအဖြစ် လက်သပ်အမွေးကာ လက်နက်ထုတ်ပေးပြီးနောက် ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် ခိုးယူစေပြီးနောက် ခိုးရာပါ ပစ္စည်းတွေ ခွဲဝေယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်နယ် ကန်ကလေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် သိမ်းဆည်း ရရှိခဲ့တဲ့ စစ်အုပ်စုရဲ့ ခိုးရာပါ ဆိုင်ကယ်တစ်စီး/Photo - စင်္ကြာ ကာကွယ်ရေးတပ်

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မကွေး #မြိုင် #ကန်ကလေးရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ