ရွှေဘို - ကျောက်မြောင်းလမ်းမှာ စစ်ကားကို မိုင်း(၁၆)လုံးနဲ့ ဖောက်ခွဲရာ စကစ ခုနှစ်ယောက်သေ၊ စစ်အုပ်စုက မိုင်းထိတဲ့နေရာကနေ ရွှေဘိုမြို့ထိ လမ်းတလျှောက် သောင်းကျန်း ပစ်ခတ်လို့ ပြည်သူနှစ်ဦး ဒဏ်ရာရ၊

ရွှေဘို - ကျောက်မြောင်းလမ်းမှာ စစ်ကားကို မိုင်း(၁၆)လုံးနဲ့ ဖောက်ခွဲရာ စကစ ခုနှစ်ယောက်သေ၊ စစ်အုပ်စုက မိုင်းထိတဲ့နေရာကနေ ရွှေဘိုမြို့ထိ လမ်းတလျှောက် သောင်းကျန်း ပစ်ခတ်လို့ ပြည်သူနှစ်ဦး ဒဏ်ရာရ၊

MFP ၊ အောက်တိုဘာ - ၁၀

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ရွှေဘို - ကျောက်မြောင်းလမ်းမှာ ကားကို မိုးကာအုပ်ပြီး သွားလာနေတဲ့ စစ်အုပ်စုကို ယမန်နေ့ ညနေပိုင်းက မိုင်း(၁၆)လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ ခုနှစ်ယောက် သေပြီး (၁၀)ခန့် ဒဏ်ရာရတယ်လို့ Burma Rangers (ShweBo) တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၈)ရက် ညနေ(၅)နာရီကျော်က တပ်တွင်းဖရဲသီးရဲ့ သတင်းပေးချက်အရ မိုးကာအုပ်ပြီး စကစတွေ တင်ဆောင်လာကာ ရွှေဘို - ကျောက်မြောင်းလမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်အုပ်စုရဲ့ (၁၂)ဘီးကားကို ရွှေဘိုနယ် ကော့ကျေးရွာ လမ်းခွဲအနီးမှာ မိုင်း(၁၆)လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"တပ်တွင်းဖရဲသီး၏ သတင်းပေးချက်အရ စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့နယ်ခွဲမှ ရွှေဘိုသို့ မောင်းနှင်လာသော မိုးကားအစိမ်းအုပ် (၁၂)ဘီးကား အတွင်း၌ ခွေးများ လိုက်ပါလာသည်ဟု သတင်းရ၍ ရွှေဘိုမြို့နယ် ကော့ရွာကျေးရွာ လမ်းခွဲထိပ်တည့်တည့်တွင် ‌စောင့်ကြိုကာ မိုင်း (၁၆)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသည်။ မိုင်းဆွဲရာနေရာတွင်ပင် စစ်ခွေး ခုနှစ်ကောင် ပွဲချင်းပြီး ငရဲရောက်၍ စစ်ခွေး အကောင် (၂၀)ခန့် ခြေပြတ် လက်ပြတ် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု တပ်တွင်းဖရဲသီး၏ သတင်းပေးချက်အရ သိရှိရပါသည်" လို့ Burma Rangers (ShweBo) က ဖော်ပြပါတယ်။

မိုင်းဆွဲခံရပြီး အထိနာ အသေများတဲ့ စစ်အုပ်စုဟာ လမ်းတလျှောက် အရပ်သားပြည်သူတွေကို ရန်ပြု သောင်းကျန်းခဲ့ပြီး မိုင်းထိတဲ့ ကော့ရွာအနီးကနေ ရွှေဘိုတက္ကသိုလ် ဂိတ်အထိ တွေ့သမျှပြည်သူတွေ၊ ကျေးရွာတွေကို ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

"စစ်ခွေးများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်သော်လည်း ကျွန်တော်တို့ ရဲဘော်များအထိအခိုက်မရှိ အန္တရာယ်ကင်းစွာဖြင့် ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါသည်။ စစ်ခွေးများ၏ လက်နက်ငယ်

ပစ်ခတ်မှုကြောင့် စက်မှုဇုန်အနောက်ဖက် ဆီဆိုင်အနီးတွင် ပြည်သူတစ်ဦး ကျည်ထိမှန်‌၍ မင်းကျောင်းကျေးရွာအနီးတွင် ပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့ပါသည်။ စစ်ခွေးများသည် မိုင်းထိမှန်ကာ အကျအဆုံးများသောကြောင့် မိုင်းဆွဲခံရသည့် နေရာမှ စ၍ ရွှေဘိုတက္ကသိုလ် ဂိတ်ဝအထိ လက်နက်ငယ်များ ပစ်ခတ်သွားသော်လည်း ကျွန်တော်တို့ ရဲဘော်များ လုံးဝ အထိအခိုက်မရှိခဲ့ပါ။ အပြစ်မဲ့ ပြည်သူ နှစ်ဦးသာ မစိုးရိမ်ရ ဒဏ်ရာဖြင့် ကျည်ထိမှန်ခဲ့ပါသည်" လို့ Burma Rangers (ShweBo) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ - အေဒီ က ဆိုပါတယ်။

စစ်အုပ်စု အသေအပျောက် အခြေအနေနဲ့ ပတ်သက်လို့ MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

စစ်အုပ်စုဟာ ရွှေဘိုနယ် အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ် အများအပြားကို ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်ထားကာ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း မီးရှို့ သတ်-ဖြတ်နြေတ်နေပါတယ်။

ရွှေဘို - ကျောက်မြောင်းလမ်းမှာ စစ်အုပ်စုကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့စဉ်/Photo - Burma Ranger

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #ကျောက်မြောင်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ