Home

ဖေဖော်ဝါရီလ 20, 2024
ကောလင်းတိုက်ပွဲဟာ နွေဦးတော်လှန်ရေးကာလ သုံးနှစ်အတွင်း အညာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအနက် “အပြင်းထန်ဆုံး တိုက်ပွဲ” လို့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ - ERO ခေါင်းဆောင်နဲ့ အညာ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ ( NUG) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သုံးလကြာ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကောလင်းခရိုင် ကောလင်းမြို့ကို စစ်အုပ်စုက ဖေဖေါ်ဝါရီ(၃)ရက်ကနေ (၁၃)ရက်အထိ မြေပြင်၊ ဝေဟင် ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင်လို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ။ စစ်အုပ်စုဟာ ကောလင်းမြို့ကို ပြန်ရဖို့ တိုက်တဲ့ တိုက်ပွဲအတွင်း မြေပြင် အင်အား(၁၀၀၀)ဝန်းကျင် အသုံးပြုပြီး စစ်ကြောင်း တစ်ကြောင်းကို အင်အား(၂၀၀)ကျော်နဲ့ စစ်ကြောင်း လေးငါးကြောင်းခွဲကာ မြို့ကို ဝိုင်းညှပ်ပိတ်ဆို့ တိုက်ခိုက်သလို တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ဟောင်ဝစ်ဇာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ စစ်ကူ၊ ပစ်ကူပေးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ “ ဒီကောင်တွေက ဘယ်လောက် သေသေ တက်လာတာ။ လူအားနဲ့ ဖိတိုက်တဲ့ သဘောပဲ” ကောလင်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးရဲ့ မြေပြင်အခြေအနေကို ပြောပါတယ်။ “ကိုယ့်ဘက်ကလည်း အထိအခိုက်ရှိတယ်။ သူတို့ဘက်ကတော့ တော်တော်ကြီး အထိအခိုက် အကျအဆုံး များခဲ့တယ်။ (၂၀၀)ဝန်းကျင် ကျတယ်လို့ ခန့်မှန်းရတယ်ဗျ” 399552764_310294998434749_4862215805899554180_n.jpg ၂၀၂၃ နိုဝင်ဘာက ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်/Photo - CJ

NUG ပသုံးလုံးယန္တရားတွေရဲ့ ဆုံးဖြတ်၊ လုပ်ဆောင်ချက်တွေကို မကျေနပ်တာကြောင့် အင်းတော်နယ်၊ မော်လူးမြို့ကို ဖြတ်သန်းသွားလာတဲ့ သစ်ကားတွေကို ဒေသခံတွေက မတ်(၁၇)ရက်မှာ ဖမ်းဆီးခဲ့စဉ်/Photo - ပေးပိ​ု့
ဧပြီလ 11, 2024
နွေဦး တော်လှန်ရေးကာလ သုံးနှစ်ကျော်လာချိန် အညာမှာ တော်လှန်ရေး အင်အားစုတွေက နယ်မြေတွေ ထိန်းချုပ် လာနိုင်ပြီး ပသုံးလုံးယန္တရားလို့ ခေါ်တဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ စတင် လုပ်ဆောင် လာတာနဲ့အမျှ ပြည်သူအပေါ် အနိုင်ကျင့်တာ၊ အာဏာပြတာတွေ ကြုံလာရတယ်လို့ အညာ ပြည်သူတွေက ပြောပါတယ်။

About Us

About Us

Mandalay Free Press - MFP သတင်းဌာနသည် လွတ်လပ်၍ အမှီအခိုကင်းသောသတင်းဌာနဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်း သတင်းများကို အထူးပြုတင်ဆက်လျှက်ရှိသည်။