စစ်အုပ်စုက ဩဂုတ် (၂၆) ရက် မှာ စစ်ကိုင်းတိုင်းထဲက ရွာနှစ်ရွာကို မီးရှို့၊ ပြည်သူ ရှစ်ဦးကို သ-တ်ဖြ-တ်

စစ်အုပ်စုက ဩဂုတ် (၂၆) ရက် မှာ စစ်ကိုင်းတိုင်းထဲက ရွာနှစ်ရွာကို မီးရှို့၊ ပြည်သူ ရှစ်ဦးကို သ-တ်ဖြ-တ်

MFP ၊ ဩဂုတ် - ၂၇

စစ်အုပ်စုဟာ ဩဂုတ်လ (၂၆) ရက်နေ့မှာ စစ်ကိုင်းတိုင်းထဲက ရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ရှစ်ဦးကို သ-တ်ဖြ-တ်ခဲ့ပါတယ်။

ကျွန်းလှမြို့နယ်ထဲက ကုန်းစည်းနဲ့ တည်ပင်ဆိပ်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ကုန်းစည်းရွာမှာ နေအိမ် (၅၇) လုံး ထိခိက်ပျက်စီးခဲ့ကာ တည်ပင်ဆိပ်ရွာရဲ့ စာရင်းကိုတော့ မရသေးပါဘူး။

ကျွန်းလှမြို့ပေါ်က အမျိုးသားနှစ်ဦး၊ မုံရွာမြို့နယ် လယ်ဇင်းကျေးရွာက အမျိုးသားတစ်ဦးကို သ-တ်ဖြ-တ်ခဲ့ပြီး ကနီမြို့နယ် ချောင်းမကျေးရွာမှာ ငါးဦး သ-တ်ဖြ-တ်ခံရကာ ကျား၊ မ ခွဲမရသေးပါဘူး။

စစ်ကိုင်းတိုင်းမှာ ဒီလအတွင်း စစ်အုပ်စု သ-တ်ဖြ-တ်ခဲ့တဲ့ အရပ်သားပြည်သူ (၈၀) နီးပါး ရှိခဲ့ပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း (၁၈,၀၀၀) ကျော်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

MFP အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျေးရွာမီးရှို့ #နေအိမ်မီးရှို့ဖျက်ဆီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ