မြင်းခြံနယ် ပျားရွာကို စစ်အုပ်စုက မီးရှို့နေ၊ စစ်အုပ်စုက မြင်းခြံနယ်ထဲ လူသတ်၊ လုယက်၊ မိုက်ကြေးခွဲရုံနဲ့ အားမရတော့ဘဲ ရွာမီးရှို့၊

မြင်းခြံနယ် ပျားရွာကို စစ်အုပ်စုက မီးရှို့နေ၊ စစ်အုပ်စုက မြင်းခြံနယ်ထဲ လူသတ်၊ လုယက်၊ မိုက်ကြေးခွဲရုံနဲ့ အားမရတော့ဘဲ ရွာမီးရှို့၊

MFP ၊နိုဝင်ဘာ - ၈

မန္တလေးတိုင်း မြင်းခြံမြို့နယ် ပျားကျေးရွာကို ဒီနေ့ နိုဝင်ဘာ (၈)ရက် ညနေ (၆) နာရီက စတင်ကာ စစ်အုပ်စုက မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ညနေ (၆) နာရီခန့်က ပျားရွာ စာသင်ကျောင်း တပ်စွဲနေတဲ့ စခတွေ ရွာအ‌ရှေ့ပိုင်းက အိမ်ကို စခတွေ မီးရှို့။ ရွာသူ၊ရွာသားတွေ ထွက်ပြေးနေရလို့ အခြေအနေ အသေးစိတ် မသိရသေး “ လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကလည်း သတင်းထုတ်ပြန်ပါတယ်။

မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန် စတဲ့ မြင်းခြံနယ်က ကျေးရွာအုပ်စုတွေ အားလုံးနီးပါးမှာ စစ်အုပ်စုနဲ့ ပျူတွေ အထိုင်ချ တပ်စွဲကာ ဒေသတွင်း ထင်တိုင်းကျဲ ကြီးစိုးသောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ လက်နက်ပြမိုက်ကြေးခွဲ ဆက်ကြေးကောက်တာတွေ ထင်တိုင်းကျဲ လုပ်ဆောင်နေရာက လက်ရှိမှာ ရွာမီးရျို့တာတွေပါ စတင်လုပ်ဆောင်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ(၃)ရက်နှင့်(၄)ရက်ကလည်း နွားထိုးကြီးနှင့် တောင်သာနယ်က NLD ပါတီဝင် ငါးဦးကို နေိအမ်ထဲ စီးနင်းဝင်ရောက် ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်ပြီးနောက် ညတွင်းချင်း ဦးခေါင်းကို သေနတ်နဲ့တေ့ ပစ်သတ်ကာ အလောင်းတွေကို လမ်းဘေးမှာ စွန့်ပစ်ခဲ့ပါတယ်။

သွေးသောက်အဖွဲ့တွေက NLD ပါတီဝင်တွေကို ဆက်လက် သတ်ဖြတ်ဦးမှာမို့ သတိထားနေကြ ဆိုပြီးတော့လည်း စစ်အုပ်စုက ဆက်လက်ခြိမ်းခြောက်ထားပါတယ်။

စစ်အုပ်စုဟာ မြင်းခြံနယ်ထဲ လစဉ် ဒေသခံပြည်သူ (၁၀)ဦးဝန်းကျင်အထိ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #ပျားရွာ #မီးရှို့ခံရ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ