စစ်ကိုင်း - မုံရွာလမ်းမှာ စစ်အုပ်စုကို မနက်ပိုင်း စနိုက်ပါနဲ့ ပစ်ပြီး ညနေ ပဒေသာမိုင်းနဲ့ ဖောက်ခွဲ၊

စစ်ကိုင်း - မုံရွာလမ်းမှာ စစ်အုပ်စုကို မနက်ပိုင်း စနိုက်ပါနဲ့ ပစ်ပြီး ညနေ ပဒေသာမိုင်းနဲ့ ဖောက်ခွဲ၊

MFP၊ အောက်တိုဘာ - ၂၄

စစ်ကိုင်း - မုံရွာလမ်းအတိုင်း ခိုးရာပါ ပစ္စည်းတွေသယ်ပြီး စစ်ကိုင်းဘက် ပြန်လာနေတဲ့ စစ်အုပ်စုကို မနက်(၁၀)နာရီကျော်မှာ ရှေ့ပြေးမိုင်းရှင်းအဖွဲ့ကို စနိုက်ပါနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းမှာ စစ်ကား သုံးစီးကို ပဒေသာမိုင်း ရှစ်လုံးနဲ့ ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံ ZERO ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၂၄)ရက် မနက်(၁၀)နာရီကျော်အချိန် မုံရွာဘက်ကနေ စစ်ကိုင်းဘက်ပြန်ဖို့ မိုင်းရှင်းနေတဲ့ စစ်အုပ်စုကို ထီးဆောင်းနှင့် ကံဖျားရွာကြားမှာ ZERO ပြောက်ကျားတပ်ဖွဲ့-မြင်းခြံ နှင့် GTR (မြင်းမူ)တို့ ပူးပေါင်းပြီး ကိုက် (၆၀၀)ကျော် အကွာကနေ စနိုက်ပါနဲ့ ပစ်ခတ်ခဲ့ရာ စကစ တစ်ယောက် သေတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ညနေ(၅)နာရီကျော်မှာလည်း အဲ့ဒီ စစ်ယာဉ်တန်းကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) နှင့် G4G PDF တို့ ပူးပေါင်းပြီး ပဒေသာမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မြင်းမူမှ စစ်ကြောင်းထိုး ပြန်လာသည့် စခကား သုံးစီးယာဉ်တန်းကို မုံရွာ-မန္တလေး လမ်းမပေါ် ရွာမနှင့် နတ်ခရိုင် အကြားမှာ ပဒေသာမိုင်း ရှစ်လုံးဆွဲ တိုက်ခိုက်ခဲ့ရာ နောက်ဆုံး စခကားကို ထိထိမိမိ ထိမှန်ခဲ့ပြီး ကားဖင်ယိမ်းသွားကာ စခ ထိခိုက်သေဆုံးမှု များနိုင်ကြောင်း သိရပါသည်။ အတိအကျသိနိုင်ရန် ဆက်လက် စုံစမ်းလျှက်ရှိပါသည်" လို့ ZERO တပ်ဖွဲ့က ဖော်ပြပါတယ်

စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ စစ်ကိုင်းတိုင်းအနှံ့ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် ဖောက်ထွင်းခိုးယူပြီးနောက် ခိုးရာပါ ပစ္စည်းတွေကို စစ်ကိုင်း - မုံရွာလမ်းအတိုင်း သယ်ယူနေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #မြင်းမူ #ZERO #GTR #G4GPDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ