တန့်ဆည်မှာ စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားတဲ့ အိမ်တွေ ပြန်တည်ဆောက်နိုင်ဖို့ ပြည်သူ့ရဲဘော်တွေက လုပ်အား ကူညီ၊

တန့်ဆည်မှာ စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားတဲ့ အိမ်တွေ ပြန်တည်ဆောက်နိုင်ဖို့ ပြည်သူ့ရဲဘော်တွေက လုပ်အား ကူညီ၊

MFP ၊ အောက်တိုဘာ - ၁၄

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့လို့ မီးလောင်ပြာကျသွားတဲ့ နေအိမ်တွေ ပြန်လည် တည်ဆောက်နိုင်ရေး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြည်သူတွေကို လုပ်အား ဒါန ကူညီပေးခဲ့တယ်လို့ တန့်ဆည်မြို့ပြ တော်လှန်ရေးတပ်ဖွဲ့ - TCRF - PLA က သတင်း ထုတ်ပြန်ပါတယ်။

"မီးဘေးသင့်ပြည်သူများ၏ နေအိမ်များ ပြန်လည် ထူထောင်ရေးအတွက် ကျွန်ုပ်တို့ TCRF(PLA)နှင့် ကျေးရွာကာကွယ်ရေး အဖွဲ့များ ပူးပေါင်းဆောင်ရွက်နေ" လို့ TCRF - PLA က ဖော်ပြပါတယ်။

စစ်ဘေးသင့် ပြည်သူတွေနဲ့ ပြည်သူ့ရဲဘော်တွေကို ကူညီထောက်ပံ့လိုပါက Taze Civil Revolution Force - TCRF - PLA ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာကနေ ဆက်သွယ်နိုင်တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ တန့်ဆည်နယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့၊ အကြမ်းဖက် သောင်းကျန်းလျှက် ရှိရာ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၂ အောက်တိုဘာလဆန်းအထိ တန်ပဆည်မြို့နယ်အတွင်း ကျေးရွာ (၆၆)ရွာက နေအိမ် (၂၂၀၀)ကျော် မီးလောင်ပြာကျခဲ့ပြီး ဖြစ်တယ်လို့ တန့်ဆည်ဒေသ မြေပြင်သတင်းတွေ ဖော်ပြနေတဲ့ Taze News က ဆိုပါတယ်။

လက်ရှိမှာလည်း စစ်အုပ်စုက တန့်ဆည်နှင့် ရေဦးနယ်အစပ်က ကျေးရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းနေလို့ ကျေးရွာ (၃၀)ကျော်က ပြည်သူတွေ စစ်ပြေးနေရပါတယ်။

တန့်ဆည်နယ်ထဲ စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားတဲ့ ဒေသခံ ပြည်သူတွေရဲ့ နေအိမ်တွေ ပြန်လည်တည်ဆောက်နိုင်ဖို့ ကြိုးစားနေကြစဉ်/Photo - TCRF - PLA

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #အိမ် #မီးရှို့ #TCRF_PLA

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ