မန္တလေး (၇၈)လမ်းမှာ အမျိုးသမီးအလောင်း တွေ့ရှိ၊ အဓမ္မပြုကျင့် အသတ်ခံရတယ်လို့ ယူဆရ၊

မန္တလေး (၇၈)လမ်းမှာ အမျိုးသမီးအလောင်း တွေ့ရှိ၊ အဓမ္မပြုကျင့် အသတ်ခံရတယ်လို့ ယူဆရ၊

MFP ၊ စက်တင်ဘာ - ၂၉

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ (၇၈) ရန် - မန်းလမ်း၊ ဆိုင်ကယ်-စက်ဘီးလမ်း (အရှေ့ဘက်)မှာ အဓမ္မပြုကျင့် အသတ်ခံရတယ်လို့ ယူဆရတဲ့ အမျိုးသမီး အလောင်းတစ်လောင်း မနေ့က တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ အသက်(၃၀)ဝန်းကျင် ဖြစ်ပြီး အပေါ်အင်္ကျီအတို ပန်းရောင်နဲ့ ပါတိတ်ထမီ အပြာရောင် ဝတ်ဆင်ထားပြီး အဓမ္မပြုကျင့်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီနေ့အထိ သေဆုံးသူ အမျိုးသမီးက မည်သူမည်ဝါ ဆိုတာ မသိရသေးဘဲ အလောင်းကို မနေ့ကတည်းက လူမှုကူညီရေး အသင်းကားနဲ့ မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကာ စစ်အုပ်စု လက်ထဲ အပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုစတဲ့ ဒုစရိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်အုပ်စုကလည်း ထိထိရောက်ရောက် အရေးယူနိုင်တာ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲ လူသတ်မှု၊ မုဒိန်းမှုနှင့် ဓားပြမှု စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်လို့ ထောင်ဒဏ်ကျခံနေရတဲ့ လူသတ်၊ မုဒိန်း၊ ဓားပြ စတဲ့ ရာဇဝတ်အကျဉ်းသားတွေ အားလုံးကို ၂၀၂၁ ဖေဖေါ်ဝါရီကနေ အောက်တိုဘာအတွင်း ထောင်ကနေ အသုတ်လိုက်ခွဲပြီး လွှတ်ပေးခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရန်မန်းဆိုင်ကယ်လမ်း #အမျိုးသမီးအလောင်းတွေ့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ