ငါန်းဇွန်မှာ လောင်းကစားဒိုင်နဲ့ အရက်ဆိုင်တွေ လိုင်းကြေး လိုက်ကောက်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊ သုံးယောက် သေဟုဆို၊

ငါန်းဇွန်မှာ လောင်းကစားဒိုင်နဲ့ အရက်ဆိုင်တွေ လိုင်းကြေး လိုက်ကောက်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊ သုံးယောက် သေဟုဆို၊

MFP ၊ အောက်တိုဘာ - ၂၇

မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ထဲ နှစ်လုံး၊ သုံးလုံး လောင်းကစားဒိုင်နှင့် အရက်ဆိုင်တွေကို လိုင်းကြေးလိုက်ကောက်နေတဲ့ စစ်အုပ်စုကို ဒီနေ့လည်ပိုင်း ပသောမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ သုံးယောက် သေပြီး နှစ်ယောက် ဒဏ်ရာရသွားတယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) - မြင်းခြံခရိုင် တပ်ရင်း(၇) က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၂၅)ရက် နေ့လည်(၁၂)နာရီအချိန် ငါန်းဇွန်မြို့နယ် မြေတိုင်းကျေးရွာ တောင်ဘက်မှာ လောင်းကစားဒိုင်းနဲ့ အရက်ဆိုင်တွေကို လက်နက်ပြ မိုက်ကြေးခွဲ လိုင်းကြေးလိုက်ကောက်နေတဲ့ စကစတွေကို ပဒေသာမိုင်း ငါးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"2D၊ 3D‌၊ အရက်ဆိုင် လိုင်းကြေး လာကောက်တဲ့ စခတွေကို ပဒေသာမိုင်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့ပါသည်။ စခ သုံးကောင် ဂန့်ပြီး၊ နှစ်ကောင် ထိခိုက်ခဲ့ပါသည်။ ထိခိုက်ခဲ့တဲ့ တစ်ကောင်က ခနသာ ပြန်ပစ်နိုင်ခဲ့ပြီး လဲကျသွားခဲ့ပါသည်" လို့ မြင်းခြံ ZERO ပြောက်ကျားတပ်ဖွဲ့ က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

အောက်တိုဘာ(၂၅)ရက် မနက်ပိုင်းကလည်း ငါန်းဇွန်နယ် ရွာသစ်ကုန်းရွာဘက်မှာ စစ်အုပ်စု မိုင်းဆွဲခံရပြီး သုံးယောက် သေတယ်လို့ သတင်းကြားရကြောင်းနှင့် မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက သောင်းကျန်းရမ်းကားကာ ရွာသစ်ကုန်းရွာထဲ ဝင်မွှေလုယက်ပြီး နှစ်ထပ်တိုက် အပါအဝင် နေအိမ် သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံပြည်သူ နှစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ငါန်းဇွန်သတင်းစုံက ဖော်ပြပါတယ်။

မန္တလေးတိုင်း မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန်နယ်တကြော စစ်အုပ်စုနှင့် ပျူတွေ ကြီးစိုးသောင်းကျန်းနေပြီး ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေသလို ဒေသကာကွယ်ရေး တပ်ဖွဲတွေကလည်း စစ်အုပ်စုကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မြင်းခြံ ZERO ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တချို့/Photo - ZERO

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မိသားစု #ဖခင် #လူသားဒိုင်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ