မတ္တရာနယ်မှာ စစ်အုပ်စုကို မိုင်းဆွဲ၊ တစ်ပွင့်ဗိုလ် အပါအဝင် စကစ လေးယောက် သေဟုဆို၊

မတ္တရာနယ်မှာ စစ်အုပ်စုကို မိုင်းဆွဲ၊ တစ်ပွင့်ဗိုလ် အပါအဝင် စကစ လေးယောက် သေဟုဆို၊

MFP ၊ သြဂုတ် - ၁၅



မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို မနေ့ မနက်ပိုင်းက တောင်ကန်ရွာအနီး ပဒေသာမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ တစ်ပွင့်ဗိုလ် အပါအဝင် စကစ လေးယောက် သေပြီး သုံးယောက် ဒဏ်ရာရသွားတယ်လို့ နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။



သြဂုတ်(၁၄)ရက်၊ မနက်(၈)နာရီကျော်က မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ အင်အား (၃၀)ကျော်ပါ စစ်အုပ်စုကို တောင်ကန်ကျေးရွာနှင့် မြှောင်းဦးရွာ ချင်းတံတားမှာ မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။



“ပဒေသာ လေးလုံးတွဲ မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ တစ်ပွင့်ဗိုလ် အပါအဝင် စကစ လေးကောင်အား ငရဲပြည်သို့ ပို့ဆောင်လိုက်ပြီး သုံးကောင်မှာ ဒဏ်ရာ အပြင်းအထန် ရရှိသွား။ စကစဘက်မှ ငါးမိနစ်ကျော် ပစ်ခတ်၍ ရဲဘော်များ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်” လို့ နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့က ဖော်ပြပါတယ်။

အကြမ်းဖက်စစ်အုပ်စုကို အပြင်းအထန် ဆက်လက် ခုခံ တိုက်ခိုက်မယ်လို့ နတ်ဆိုး တပ်ဖွဲ့က ဖော်ပြပါတယ်။



အကြမ်းဖက် စစ်အုပ်စုဟာ မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းတာ၊ ဓားပြတိုက်တာ၊ နေအိမ်မီးရှိုပတာ၊ ဖမ်းဆီးငွေညှစ်တာ၊ ပြည်သူတွေကို စိတ်ထင်တိုင်း သ-တ်-ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #နတ်ဆိုး #မိုင်း #PDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ