စဉ့်ကိုင် LPDF တပ်ဖွဲဝင် လေးဦး ဖမ်းဆီးခံရကာ သုံးဦး သ-တ်ဖြ-တ်ခံရပြီး တစ်ဦး သတင်း မသိရသေး၊

စဉ့်ကိုင် LPDF တပ်ဖွဲဝင် လေးဦး ဖမ်းဆီးခံရကာ သုံးဦး သ-တ်ဖြ-တ်ခံရပြီး တစ်ဦး သတင်း မသိရသေး၊

MFP၊ သြဂုတ် - ၁၆

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF - Sintgaing) ဝင် ပြည်သူ့ရဲဘော် လေးဦး သြဂုတ်(၁၃)ရက်က စစ်အုပ်စုရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး သုံးဦး သ-တ်-ဖြတ် ခံရကာ တစ်ဦးကတော့ သတင်းအတိအကျ မသိရသေးဘူးလို့ စဉ့်ကိုင် LPDF – Sintgaing က သတင်း ထုတ်ပြန်ပါတယ်။

စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင် လေးဦးဟာ သြဂုတ်(၁၃)ရက်က ရွာငံမြိုနယ်ဘက်ကို စစ်ရေးဆိုင်ရာ ကိစ္စတစ်ခုနဲ့ ခရီးသွားစဉ် စစ်အုပ်စုနဲ့ ထိပ်တိုက်တိုးကာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပြီး စစ်အုပ်စု သ-တ်-ဖြတ်လို့ ရဲဘော် သုံးဦး ကျဆုံးတာကို အတည်ပြုနိုင်ပြီး ကျန်တစ်ဦးရဲ့ အခြေအနေကိုတော့ အတိအကျ မသိရသေးဘူးလို စဉ့်ကိုင် LPDF က ဆိုပါတယ်။

တပ်ဖွဲဝင် ရဲဘော်လေးဦး စစ်အုပ်စုရဲ့ ဖမ်းဆီးသ-တ်ဖြ-တ်ခံရတာနဲ့ ပတ်သက်ပြီး ချက်ချင်းမသိခဲ့ဘဲ စစ်လော်ဘီတွေက ဝါဒဖြန့် ဖော်ပြချိန်မှသာ အခြေအနေကို သိခဲ့ရတာလို့ စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင် တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

"လုပ်ငန်းအကြောင်း ပြောဖိုနဲ့ ဆွေးနွေးစရာလေး ရှိလိုဆိုပြီး ထွက်သွားရင်း အခုလို ဖြစ်သွားတာပါဗျ" လို့ စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရဲဘော်တွေဟာ စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင် တစ်ဦးနဲ့ Black Brothers PDF အဖွဲဝင် သုံးဦးဖြစ်ပြီး သြဂုတ်(၁၃)ရက်က ရွာငံဘက် ခရီးသွားစဉ် တဲလုကျေးရွာအနီးမှာ စစ်အုပ်စုနဲ့ ထိပ်တိုက်တိုးပြီး ပြန်လည်ခုခံချိန် မရလိုက်ဘဲ ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံ ရဲဘော် သုံးဦးကို စစ်အုပ်စုက နေရာတင် ညှဉ်းပန်းနှိပ်စက် သ-တ်ဖြ-တ်ခဲ့ပြီး ကျန်တစ်ဦးကို အရှင်ဖမ်းဆီးသွားကာ လက်ရှိအချိန်အထိ အဲ့ဒီ ရဲဘော်ရဲ့အခြေအနေကို မသိရသေးဘူးလို စဉ့်ကိုင် LPDF က ပြောပါတယ်။

လက်ရှိမှာ ကျဆုံး ရဲဘော်သုံးဦးရဲ့ ရုပ်အလောင်းတွေ ပြန်လည်ရရှိခြင်း မရှိသလို ဖမ်းဆီးခ့ထားရတဲ့ ကျန်ရဲဘော်တစ်ဦးရဲ့ အခြေအနေကို စုံစမ်းနေပေမယ့် ဘာသတင်းမှ မကြားရသေးဘူးလို ဆိုပါတယ်။

စဉ့်ကိုင် LPDF နှင့် Black Brothers PDF တို့ဟာ မန္တလေးတိုင်း ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ဖြစ်ပြီး မဟာမိတ်ဖွဲထားရာက ယခုနောက်ပိုင်း နှစ်ဖွဲတစ်ဖွဲ့ ပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စဉ့်ကိုင် #LPDF #BlackBrother #ရွာငံ #ရဲဘော်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ