ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ် ဆက်လက်ချီတက် ဆန္ဒပြ

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ် ဆက်လက်ချီတက် ဆန္ဒပြ

MFP၊ ဩဂုတ် - ၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူထုသပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဩဂုတ်(၄)ရက်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ချီတက် ဆန္ဒပြခဲ့တယ်လို့ သတင်းရရှိပါတယ်။

"လူထုတိုက်ပွဲ အရှိန်မြှင့်တင်ကြဖို့၊ လုံး၀သွေးမအေးသွားကြဖို့နဲ့ မိမိတို့ကျရာနေရာတိုင်းကနေ ပါဝင်တော်လှန်ကြဖို့ “ စတဲ့အကြောင်းတွေ ဟောပြောခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကြား နေရာအနှံ့အပြားမှာ နေ့စဉ် တိုက်ပွဲတွေ ဖြစ်နေသလို စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကလည်း နေ့စဉ်မပြတ် နေရာတော်တော်များမှာ ဆက်လက်ကျင်းပနေကြပါတယ်။

Photos - ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်း

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ချင်းတွင်းမြစ် #သပိတ် #စစ်အာဏာရှင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ