တမူးမြို့မှာ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်၊ နှစ်ဖက် အထိအခိုက်ရှိ၊

တမူးမြို့မှာ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်၊ နှစ်ဖက် အထိအခိုက်ရှိ၊

MFP ၊ စက်တင်ဘာ - ၈

စစ်ကိုင်းတိုင်း တမူးမြို့မှာ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်တွေ ဒီနေ့လည်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် အထိအခိုက် ရှိခဲ့တယ်လို့ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - တမူး PDF တပ်ရင်း(၄)က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၈)ရက် နေ့လည်(၂)နာရီခွဲက တမူးမြို့အနီးမှာ ဒေသကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတွေ ဖြစ်တဲ့ တမူး PDF(Tamu) - တပ်ရင်း(၄)၊ တမူး ပကဖ၊ BSO၊ FRT၊ ABSDF၊ Fighter Police တပ်ဖွဲ့တွေနှင့် စစ်အုပ်စုကြား တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“မိမိတို့တပ်ရင်း(၄)-(တမူး) မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အကြမ်းဖက် စကစဘက်မှ အများအပြား ဒဏ်ရာ ရရှိခဲ့ပါသည်။ အသေအပျောက်များ ရှိနိုင်သော်လည်း အတိအကျ မသိရှိရသေးပါ” လို့ တမူး PDF တပ်ရင်း(၄)က ဖော်ပြပါတယ်။

အိန္ဒိယ - မြန်မာ နယ်စပ်ဒေသဖြစ်တဲ့ တမူးနယ်မှာ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ မကြာခန တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တမူး #PDF #ABSDF #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ