ဒီပဲယင်းနယ်က ထောင်သောင်းချီတဲ့ စစ်ပြေးပြည်သူတွေ စားသောက်နေထိုင်ရေး အခက်တွေ့နေ၊

ဒီပဲယင်းနယ်က ထောင်သောင်းချီတဲ့ စစ်ပြေးပြည်သူတွေ စားသောက်နေထိုင်ရေး အခက်တွေ့နေ၊

MFP ၊ ဩဂုတ် - ၁၁

စစ်ကိုင်းတိုင်း ဒီပဲယင်းနယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ အကြမ်းဖက် သောင်းကျန်းနေလို့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ထောင်သောင်းချီတဲ့ စစ်ပြေးပြည်သူတွေ စားသောက်နေထိုင်ရေး အခက်တွေ့နေတယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ က သတင်း ထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုက မြေပြင်ကသာမက ရဟတ်ယာဉ်တွေနဲ့ပါ စီးနင်းတိုက်ခိုက်လို့ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတဲ့ စစ်ပြေးပြည်သူတွေဟာ လမ်းဘေးနေရာတွေ၊ ဘုရားရိပ်၊ သစ်ပင်ရိပ်တွေမှာ ခိုလှုံနေကြပြီး ဒေသခံပြည်သူတွေ ဝေငှတဲ့ ထမင်းထုပ်တွေကို မျှော်ကိုး စားသောက်နေရတယ်လို့ ဆိုပါတယ်။

ဒီပဲယင်း ပအဖ အနေနဲ့လည်း မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက် စစ်ပြေးပြည်သူတွေကို ထမင်းထုပ် ဝေငှခဲ့တယ်လို့ ဆိုပါတယ်။

May be an image of 4 people, people standing, tree and outdoors

May be an image of 10 people, people sitting, people standing and food

ယခုရက်ပိုင်းအတွင်း ဒီပဲယင်းနယ် အရှေ့ခြမ်းက ရွာတွေထဲ စစ်အုပ်စု ဝင်မွှေသောင်းကျန်းနေလို့ စစ်ပြေးနေရတဲ့ ပြည်သူ တစ်သောင်းကျော် ရှိပြီး စားသောက်နေထိုင်ရေး အခက်တွေ့နေရတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။

May be an image of 7 people, child, people standing and outdoors

စစ်အုပ်စုက ဆက်ပြီး ရွာစဉ်ပတ်မွှေ သောင်းကျန်းနေလို့ စစ်ပြေးရသူ အရေအတွက်ကလည်း နေ့စဉ် တိုးလာနေတယ်လို့ ဆိုပါတယ်။

May be an image of 7 people, child, people standing, tree and outdoors

May be an image of 6 people, tree and outdoors

May be an image of 2 people and outdoors

May be an image of 6 people, tree and road

May be an image of 1 person, tree and grass

ဒီပဲယင်းနယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးတဲ့ ကျေးရွာ (၁၀)ကျော် ရှိပြီး နေအိမ် ထောင်ချီကာ မီးလောင်ပြာကျခဲ့ပါတယ်။ စစ်ကိုင်း တစ်တိုင်းလုံးမှာတော့ စစ်အုပ်စုက မီးရှို့ဖျက်ဆီးတဲ့ နေအိမ် (၁၈,၀၀၀)ကျော်အထိ ရှီနေပြီ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒီပဲယင်း #စစ်ပြေးရှောင် #ပအဖ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ