မြိုင်မှာ ရွာမီးရှို့နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဗိုလ်နှင့်တပ်ကြီးကြီး နှစ်ယောက်သေ၊ တပ်ကြပ်ကြီး အလောင်းကို ဖြစ်သလို မြေမြှုပ်ပြီး ခိုးရာပါ ငွေတချို့နဲ့ အမိန့်ပြန်သွား၊

မြိုင်မှာ ရွာမီးရှို့နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဗိုလ်နှင့်တပ်ကြီးကြီး နှစ်ယောက်သေ၊ တပ်ကြပ်ကြီး အလောင်းကို ဖြစ်သလို မြေမြှုပ်ပြီး ခိုးရာပါ ငွေတချို့နဲ့ အမိန့်ပြန်သွား၊

MFP၊ စက်တင်ဘာ - ၂၆

မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြိုနယ်အစပ်က ကျေးရွာတွေကို ဝင်မွှေ လုယက် ဓားပြတိုက်ကာ မီးရှို့ဖျက်ဆီးနေတဲ့ စစ်အုပ်စုကို မနေ့က မနက်ပိုင်း မိုင်းထောင်ဖောက်ခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ သစ္စာခံ ဗိုလ်အဆင့်နှင့် တပ်ကြပ်ကြီး အဆင့် နှစ်ယောက် သေတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၂၅)ရက် မနက်(၁၁)နာရီကျော်က မြိုင်နယ် ကျောက်ခွက်ရွာထဲ ဝင်မွှေလုယက် ဓားပြတိုက်ကာ မီးရှို့ဖျက်ဆီး ပြီးနောက် ပေါက်နယ် ကြက်ဆူအိုင့်ရွာထဲ ဆက်လက် ဝင်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို လက်လုပ်မိုင်းတွေနဲ့ ဖောက်ခွဲခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း စကစ ဗိုလ်ကြီးအဆင့် ငြိမ်းချမ်းဆိုသူနှင့် တပ်ကြပ်ကြီးအဆင့် အောင်ဆန်းဝင်း ဆိုသူတို့ သေပြီး တစ်လောင်းကို မီးရှို့ပြီး မီးရှိဖျောက်ဖျက်ခဲ့ကာ တပ်ကြီးကြီးရဲ့ အလောင်းကိုတော့ ဖြစ်သလို မြေမြှုပ်ပြီး ခိုးရာပါ ငွေအကြွေတချို့နဲ့ အမိန့် ပြန်သွားတယ်လို မြိုင် ပကဖ က ဆိုပါတယ်။

“အကြမ်းဖက် စစ်ကောင်စီနှင့် ပျူများအား မနေ့က (၂၅)ရက်တွင် ကျောက်ခွက်ကျေးရွာသို့ အဝင် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တပ်ကြပ်ကြီး အပါအဝင် နှစ်ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရသွားကြောင်း သိရှိရပါသည်။ သေဆုံးသွားသော တပ်ကြပ်ကြီး အလောင်းအား ပိုက်ဆံ (၆၄၅၀) ကျပ် (၂၀၀ တန်၊ ၁၀၀ တန်၊ ၅၀ တန် အကြွေများ)နှင့် အမိန့်ပြန်တမ်း စာတစ်ခုပါ အတူမြုပ်နှံထားခဲ့ကြောင်း သိရှိရပါသည်” လို့ နွေဦးတော်လှန်ရေး - မြိုင်မြို့ က ဖော်ပြပါတယ်။

မနေ့က စက်တင်ဘာ(၂၅)ရက်မှာ ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာနှင့် မြိုင်နယ် ကျောက်ခွက်ရွာကြားမှာ ခြေလျှင် သွားလာနေတဲ့ စစ်အုပ်စုကို မြိုင်(ပကဖ)က ပေပါမိုင်းပွိင့်ကြီး နှစ်ပွိင့်နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာလည်း စကစ သုံးယောက် သေပြီး ရှစ်ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အဲဒီ စစ်အုပ်စုက ကြက်ဆူအိုင့်ရွာထဲ ဝင်မွှေလုယက်ပြီး နေအိမ်လေးလုံးကို မီးရှိဖျက်ဆီးခဲ့သလို ဒေသခံပြည်သူ(၂၀) ထက်မနည်းကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းထားပြီး ဒေသတွင်း ဆက်လက် သောင်းကျန်းနေတယ်လို့ မြိုင် ပကဖ က ဆိုပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ပေါက် #မြိုင် #ပကဖ #ကြက်ဆူအိုင့် #ကျောက်ခွက်ရွာ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ