ပျူစောထီးကို အခြေတည်ပြီး အညာမှာ စစ်ပြင်နေတဲ့ စစ်အုပ်စု

ပျူစောထီးကို အခြေတည်ပြီး အညာမှာ စစ်ပြင်နေတဲ့ စစ်အုပ်စု

ရေးသူ - သက်တန့် (MFP)၊ ဆောင်းပါး

သင်္ကန်းဝတ် ဝါသဝ လက်အောက်ခံ ပြည်သူ့စစ် အမည်ခံ ပျူစောထီးတွေကို အာဏာသိမ်း စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ တင်ခေါ်ပြီး ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်နည်း သင်တန်းတွေ ပို့ချနေပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူနဲ့ကျွန်းလှနယ်က ပျူတွေကို ကိုးထောင်ဘို့ စစ်စခန်းထဲ လူစုစေပြီး အဲ့ဒီကတဆင့် ရဟတ်ယာဉ်နဲ့ တင်ခေါ်ကာ ရွှေဘိုမြို့ လေ့ကျင့်ရေး(၈) ခေါ် အမှတ်(၈) လေ့ကျင့်ရေး တပ်ထဲကို ပို့ပြီး သင်တန်း ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေဘိုမြို့နယ်၊ မြို့ရဲ့ အနောက်ဘက်က ပန်းရံ၊ ဇီးဖြူကုန်း၊ တည်သီးတော စတဲ့ ကျေးရွာတွေက ပျူတွေကိုပါ ရွှေဘို လေ့ကျင့်ရေး (၈)ထဲ လူစုပြီး ဒရုန်းသင်တန်း ပေးခဲ့ပါတယ်။

“ကန့်ဘလူနယ် ကိုးထောင်ဘို့ကနေ ဝေဟင်ငါးခေါက် သယ်လာပြီးတော့ သင်တန်းပေးနေတာ သိတယ်ဗျ။ အကုန်လုံးပေါ့ဗျာ။ လက်နက်ကြီးရော၊ ဒရုန်းရော”လို့ ရွှေဘိုခရိုင် PDF တပ်ရင်း(၂၂) တပ်ရင်းမှူးက ပြောပါတယ်။

photo_2024-07-04_22-03-08.jpg

ကန့်ဘလူမြို့မှာ အင်အားပြနေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စု လက်အောက်က ပြည်သူ့စစ် အမည်ခံ ပျူတွေ/Photo - စစ်အုပ်စု

တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ (EROs)တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်တာ ခံနေရပြီး စစ်စခန်းတွေ၊ စိုးမိုး နယ်မြေတွေ၊ မြို့ရွာတွေ နေ့စဉ် ဆုံးရှုံးနေတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဗမာအများစု နေထိုင်တဲ့ အညာ မြေပြန့်ဒေသမှာတော့ နယ်မြေတွေ မဆုံးရှုံးစေဖို့ ပျူတွေကို အဓိက အားပြုပြီး အကြီးအကျယ် စစ်ရေး ပြင်ဆင်နေပါတယ်။

စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးနယ်ထဲ စစ်အုပ်စုရဲ့ စစ်ရေးပြင်ဆင်မှုတွေဟာ မေလကစပြီး သိသိသာသာ ထင်ထင်ရှားရှား ဖြစ်လာတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

အထက်ပါအတိုင်း ပျူတွေကို ရဟတ်ယာဉ်နဲ့ တင်ခေါ်ပြီး သင်တန်းပေးတာ၊ ကွန်မန်ဒို အမည်ခံ တိုက်ခိုက်ရေး ပျူစစ်ကြောင်းတွေ ဖွဲ့စည်းတာ၊ ပျူရွာတွေနဲ့ ပျူစခန်းတွေမှာ လက်နက်ခဲယမ်း တိုးချဲ့တပ်ဆင်တာ၊ ပျူအင်အား တိုးချဲ့တာ၊ နယ်မြေစိုးမိုးမှု ချဲ့ထွင်နိုင်ဖို့ ပျူအင်အားကို သုံးပြီး အထိုင်ချစခန်းတွေ တိုးချဲ့တာ၊ ဒေသတွင်း အရေးပါတဲ့ လမ်းမကြီးတွေကို စိုးမိုးနိုင်ဖို့ ကြိုးစားလာတာ၊ ပေါ်တာဆွဲ လူသစ်စုဆောင်းတာနဲ့ မြေပြင် တိုက်ပွဲတွေမှာ ဒရုန်းနည်းပညာ အသုံးပြု တိုက်ခိုက်တာ၊ စတဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

photo_2024-07-04_22-03-20.jpg

ကန့်ဘလူမြို့မှာ အင်အားပြနေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စု လက်အောက်က ပြည်သူ့စစ် အမည်ခံ ပျူတွေ/Photo - စစ်အုပ်စု

  • ပျူတွေကို ဒရုန်းသင်တန်းပေးပြီး အညာစစ်မြေပြင်မှာ ဒရုန်းနည်းပညာ သုံးလာတဲ့ စစ်အုပ်စု

ပြီးခဲ့တဲ့ မေ(၁၆)ရက်က မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့ရဲ့ မြောက်ဘက် မိုင်(၄၀)ခန့်အကွာ၊ မြောက်ခင်ရန်း ပျူရွာအနီးက ရွှေဘိုရွာကို စစ်အုပ်စုနဲ့ပျူ အင်အား(၃၀၀)လောက်က စစ်ကြောင်းထိုးကာ ရွာကို စီးနင်းလုယက် မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ အဲ့ဒီ စစ်ကြောင်းမှာ စစ်အုပ်စု အရေအတွက်ထက် ပျူအရေအတွက်က ပိုမိုများပြားပြီး ဂန့်ဂေါနဲ့ ကလေးနယ်က ပျူတွေ ကို ထည့်သွင်း အသုံးပြုထားကာ ရွာကို စီးနင်းချိန်မှာလည်း ဒရုန်းနည်းပညာကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာမျိုး ရှိခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(ပကဖ) တာဝန်ခံက ပြောပါတယ်။

“အရင်က ဒရုန်းအသုံးပြုမှုက ကင်းထောက် ဒရုန်းလောက်ပဲ အသုံးပြုနိုင်တာ၊ အခုတော့ ဒရုန်းကို သုံးပြီးတော့မှ ဗုံး သီးချတာတို့ လုပ်လာနိုင်တယ်ဗျ’ လို့ ဂန့်ဂေါမြို့နယ် ပကဖ တာဝန်ခံက ဆိုပါတယ်။

 

စစ်အုပ်စုနဲ့ပျူတွေဟာ အခုနောက်ပိုင်း ဒရုန်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတယ်လို့ သူက ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်အုပ်စုက ပြန်လည် တိုက်ခိုက် သိမ်းပိုက်တဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ တိုက်ပွဲမှာ ကတည်းက စစ်အုပ်စုက ဒရုန်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့တယ်လို့ အညာ တော်လှန်ရေး အင်အားစု တွေက ပြောပါတယ်။ လက်ရှိမှာတော့ စစ်ကိုင်းနဲ့ မကွေး အပါအဝင် အညာတခွင်မှာ စစ်အုပ်စုက ဒရုန်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီး ပျူတွေကို ဒရုန်းသင်တန်းပေးကာ ဒရုန်းအဖွဲ့တွေပါ ဖွဲ့စည်းနေတယ်လို့ ဆိုပါတယ်။

 

photo_2024-02-10_20-57-29.jpg

၂၀၂၄ ဖေဖေါ်ဝါရီက ကောလင်းမြို့ကို စစ်အုပ်စုက ပြန်လည် တိုက်ခိုက်သိမ်းပိုက်ချိန် အသုံးပြုခဲ့တဲ့ စစ်အုပ်စုရဲ့ ဒရုန်းတွေ/Photo - CJ

အညာမှာ စစ်အုပ်စုရဲ့ စစ်ရေးပြင်ဆင်မှုဟာ ဒရုန်းအသုံးပြုတာ တစ်ခုတည်းတင် မကပါဘူး။ စစ်အုပ်စုနဲ့ ပျူတွေ နယ်မြေ စိုးမိုးထားနိုင်တဲ့ မြို့ပေါ်နဲ့ ကျေးရွာတချို့မှာလည်း အထိုင်စခန်း တိုးချဲ့လာတာ၊ အချက်အချာကျတဲ့ လမ်းမကြီးတွေကို စိုးမိုးနိုင်ဖို့နဲ့ နယ်မြေချဲ့ထွင်ဖို့ ကြိုးစားတာ၊ ပေါ်တာဆွဲ ဖမ်းဆီးပြီး လူသစ်စုဆောင်းတာတွေပါ လုပ်နေတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

 

  • ခံစစ်စခန်းတွေ တိုးချဲ့လာတဲ့စစ်အုပ်စု

ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အညာစစ်ဒေသ နယ်ဝန်းကိုလည်း ရိုက်ခတ်ခဲ့ပြီး စစ်အုပ်စုအနေနဲ့ ကျေးရွာတွေမှာ အထိုင်ချထားတဲ့ အင်အားနည်း စခန်းတချို့ကနေ ဆုတ်ခွာထွက်ပြေးကာ မြို့ပေါ်ကိုပြောင်းရွှေ့ပြီး အင်အားပေါင်းစည်းတာ၊ ရှမ်းမြောက်ကို ပို့ဆောင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အညာဒေသမှာ စစ်ကြောင်းထိုးမှုတွေလည်း လုံးဝနီးပါး ရပ်တန့်သွားခဲ့ပါတယ်။

ဇန်နဝါရီလမှာ တရုတ်ရဲ့ ကြားဝင်မှုကြောင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်အုပ်စုကြား ဟိုက်ဂင် သဘောတူညီချက် လက်မှတ်ထိုးပြီး ယာယီ အပစ်အခတ် ရပ်နားလိုက်ချိန် စစ်အုပ်စုဟာ အညာမှာ ပြန်လည် လှုပ်ရှားပြီး ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းသောင်းကျန်းတာတွေ ပြန်လည် လုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်က စပြီး စစ်အုပ်စုနဲ့ပျူစောထီးအဖွဲ့တွေဟာ တန့်ဆည်နယ်ထဲကို စစ်ကြောင်းသုံး ကြောင်းနဲ့ ထိုးစစ်ဆင်လာခဲ့ပြီး တန့်ဆည်မြို့ အရှေ့ဘက်၊ အနောက်ဘက်နဲ့ မြောက်ဘက်ပိုင်းက ကျေးရွာတွေကို စီးနင်းသောင်းကျန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

 

photo_2024-07-04_22-03-04.jpg

ကန့်ဘလူမြို့မှာ အင်အားပြနေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စု လက်အောက်က ပြည်သူ့စစ် အမည်ခံ ပျူတွေ/Photo - စစ်အုပ်စု

လက်ရှိမှာ တန့်ဆည်၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွေကို စစ်ကြာင်းထိုးနေပြီး စစ်အုပ်စုဟာ ယခင်က စစ်ကြောင်း ထိုးသလို ရွာတစ်ရွာတည်းကို စုပြုံဝင်ရောက် အထိုင်ချတဲ့ ပုံစံမဟုတ်တော့ဘဲ အနီးဝန်းကျင်ကရွာတွေမှာ အင် အားဖြန့် အထိုင်ချတာ တွေ့ရတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲဘော် ကိုနေထက် လင်းက ပြောပါတယ်။

 

ဒါ့အပြင် ၂၀၂၃ နိုဝင်ဘာလအတွင်းက တန့်ဆည်မြို့ပေါ်ရှိစစ်အုပ်စုကို တော်လှန်ရေးအဖွဲ့တွေက စီးနင်းဝင် ရောက်တိုက်ခိုက်ပြီးနောက် စစ်ကြောင်းမထိုးဘဲငြိမ်နေတဲ့စစ်အုပ်စုဟာ လက်ရှိမှာကန့်ဘလူနယ်က ပျူခေါင်း ဆောင် သင်္ဃန်းဝတ်ဝါသဝရဲ့ ပျူစောထီးတွေနဲ့ ပူးပေါင်းပြီး အင်အားအလုံးအရင်းနဲ့ တန့်ဆည်နယ်ထဲကို တကြော့ ပြန်စစ်ကြောင်းထိုး နေတယ်လို့ ၎င်းက ဆိုပါတယ်။

 

“စစ်အုပ်စုက နိစ္စဓူဝကို အင်အားက ဟိုရွာကို ရွှေ့လိုက်၊ ဒီရွာကိုရွှေ့လိုက် ဖြစ်နေတယ်ဗျ။ အင်အားကတော့ တော် တော်များတယ်။ သူတို့ စိုးမိုးထားတဲ့ ပျူရွာတွေဘက်မှာဆိုရင် အင်အားတော်တော်များများနဲ့ တင်းကြပ် ထား တယ်” လို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ်(၇) တပ်ရင်းရဲ့ တပ်ရင်းမှူးက ပြောပါတယ်။

 

စစ်အုပ်စုနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေဟာ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်နယ်အစပ်နဲ့ အချက်အချာကျတဲ့ မြို့ နယ်ချင်းဆက်လမ်းတွေကို ပြန်လည်စိုးမိုးချင်ဟန်ရှိပြီး စစ်ရေးအရအဓိကကျတဲ့ နေရာတွေမှာ အထိုင်ချတပ်စွဲ လာတာဖြစ်ပါတယ်။

 

လက်ရှိမှာ တန့်ဆည်နဲ့ ကန့်ဘလူနယ်အစပ်က အက်တောနဲ့ သဲကုန်းရွာတွေဘက်မှာ အခိုင်အမာ ဘန်ကာတွေ တည်ဆောက်တာ၊ ကတုတ်ကျင်းတူးတာတွေပြုလုပ်ပြီး နယ်မြေတိုးချဲ့ ခံစစ်စခန်းပုံစံ အထိုင်ချတပ်စွဲလာသလို အရင်ကတည်းက စစ်အုပ်စု အထိုင်ချထားတဲ့ ကာဘိုရွာ အထိုင်စခန်းနဲ့လည်း တစ်ဆက်တည်းဖြစ်သွားပါတယ်။ ဒီအထိုင်စခန်းနေရာတွေဟာ တန့်ဆည်-ဇီးကုန်း-ကန့်ဘလူ မြို့နယ်ချင်းဆက်လမ်းကြောင်းပေါ်မှာတည်ရှိပါတယ်။ တန့်ဆည်မြို့နဲ့ ကပ်လျက် အနောက်ဘက်မှာရှိတဲ့ ဝါးရငယ်ရွာ မူးဘောင်ဘက်မှာလည်း စစ်အုပ်စုက အထိုင်ချ တပ်စွဲလာပြီး ဘန်ကာနဲ့ ကတုတ်ကျင်းတွေလည်း အခိုင်အမာတူးဖော်ထားတယ်လို့ ရွှေဘိုခရိုင်တပ်ရင်း (၇) တပ် ရင်းမှူးက ဆိုပါတယ်။

 

“တန့်ဆည်နားမှာဆိုရင် ဝါးရငယ်၊ ရွာသစ်ပေါ့။ တန့်ဆည်မြို့နဲ့အနီးဆုံး၊ အဲဘက်မှာဆိုရင်လည်း ဘန်ကာတွေ၊ က တုတ်တွေ ပြင်ဆင်တယ်။ အဲလိုမျိုးတွေ အထိုင်ချထားတာတော့ ရှိတယ်။ ခံစစ်ကိုပြင်ဆင်ပြီးတော့ သေချာနေ နေ တယ်”လို့ ၎င်းက ပြောပါတယ်။

 

သို့သာမက ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အမှတ်(၁၂) ရေပိုလွှဲအနီး ဘုရားကုန်းမှာလည်း စစ်အုပ်စုဟာ ခံစစ် အထိုင်ချ ပြင်ဆင်လာပါတယ်။ သဖန်းဆိပ်ဆည် အနောက်ခြမ်းကို စစ်အုပ်စု စစ်ကြောင်းမထိုးနိုင်တာ တစ်နှစ်ခွဲ အထိ ကြာမြင့်ခဲ့ပြီးနောက် ဇွန် ၁၆ ရက်က စလို့ ဆည်အနောက်ခြမ်းရှိ ရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ ကျွန်းလှနဲ့ ကန့်ဘလူသတင်းတွေဖော်ပြနေတဲ့ Infinity Group က ဆိုပါတယ်။

photo_2024-07-04_22-03-30.jpg

ကန့်ဘလူမြို့မှာ အင်အားပြနေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စု လက်အောက်က ပြည်သူ့စစ် အမည်ခံ ပျူတွေ/Photo - စစ်အုပ်စု

 

အဆိုပါရက်ကစပြီး ကန့်ဘလူမြို့ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းက အင်အား ၃၀၀ နီးပါးဟာ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်း တန့်ဆည်မြို့နယ်အစပ်က ကျေးရွာတွေဖြစ်တဲ့ အင်တိုင်၊ ညောင်ကိုင်း၊ ကနီ၊ ပေါ ယော၊ စစ်တော၊ မြင်သာ၊ သရက်တထောင်၊ ကျွဲစတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

 

တစ်ဆက်တည်းမှာပဲ ကန့်ဘလူနဲ့ တန့်ဆည်မြို့နယ်ချင်းဆက် လမ်းတွေရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ အ ထိုင်ချတပ်စွဲထားသလို တန့်ဆည်နဲ့ ကျွန်းလှမြို့နယ်အစပ်က အချက်အချာကျတဲ့ အင်တိုင်ရွာဘက်မှာလည်း အ ထိုင်ချတပ်စွဲလာပါတယ်။

 

ဇွန်လ ၁၇ ရက်က မကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အစပ်ရှိ မြောက်ခရမ်း၊ ဟံသာဝတီ စတဲ့ ပျူရွာတွေမှာ အထိုင်ချနေတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေအတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို ရဟတ် ယာဉ်နဲ့ ချပေးပြီး စစ်ရေးပြင်ဆင်လာတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံက ပြော ပါတယ်။

ဒါ့အပြင် ဇွန် ၁၈ ရက်က ဂန့်ဂေါမြို့ပေါ်ရှိ ခြေလျင်တပ်ရင်း-ခလရ(၅၀) ထဲကို ရဟတ်ယာဉ်နဲ့ စစ်အင်အား ၈၀ လောက် ဖြည့်တင်းတာရှိတယ်လို့ ဆိုပါတယ်။

  • ပေါ်တာဆွဲဖမ်းဆီး လူသစ်စု

စစ်အခန်းအထိုင်ချတာ ၊ စစ်အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတဲ့ စစ်အုပ်စုနဲ့ ပျူခေါင်းဆောင် သင်္ဃန်း ဝတ် ဝါသဝ ဦးဆောင်တဲ့ပျူစောထီးတွေဟာ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသစ်စုဆောင်း တာ၊ အဓမ္မ ငွေကြေးကောက် ခံတာတွေ လုပ်ဆောင်နေသလို အမျိုးသား၊ အမျိုးသမီး၊ အသက်ကြီးငယ် မခွဲခြားတော့ဘဲ စစ်သားသစ် စုဆောင်း နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ မူးမြစ်ကမ်းဘေး ကျေးရွာတွေကို သင်္ဃန်းဝတ် ဝါသဝနဲ့ စစ်အုပ်စု ပူး ပေါင်းအဖွဲ့က တစ်ရွာဝင် တစ်ရွာထွက် ပိတ်ဆို့ပြီး ပြည်သူတွေကို ဖမ်းဆီးနေတာ လူ(၁၀၀)နီးပါး အဖမ်းခံထား ရ တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

 

ကန့်ဘလူမြို့ တောင်ဘက် (၁၀)မိုင်ခန့်အကွာ ထန်းကုန်းတိုက်နယ်အတွင်း၊ မူးမြစ်ကမ်းဘေးမှာရှိတဲ့ ဇီးပင်သာ၊ ယော၊ လယ်လှ၊ ဆူးပုတ်ကုန်း၊ ဘိုတဲကုန်း၊ အုန်းတော၊ အုတ်ဖို၊ မိုးကြိုး၊ ခေါ်သန္တီ၊ ထန်းတော၊ မင်းကုန်းစတဲ့ရွာ တွေက ဒေသခံတွေဟာ စစ်အုပ်စုနဲ့ ပျူစောထီးတွေရဲ့ ပေါ်တာဆွဲခံရ၊ ဖမ်းဆီးခံနေရပြီး အများစုက ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

“ရွာတွေ ရွာလုံးကျွတ် အကုန် ထွက်ပြေးရတာ။ လွတ်တဲ့လူက လွတ်ပေါ့။ ပိတ်မိသူတဲ့သူက ပိတ်မိပေါ့၊ အဲလိုမျိုး တွေ ဖြစ်နေတာ။ ရွာကို ပိတ်ဖမ်းတာ။ ကျနော်တို့ သိရသလောက်ကတော့ (၁၀၀) နီးပါးလောက်ကို ရှိမှာ။ တစ်ရွာ ပြီး တစ်ရွာကို ဝင်ဖမ်းတာ” လို့ အဆိုပါ ဒေသခံက ဆိုပါတယ်။

 

အခုလို ရွာတွေကို ပိတ်ဆို့ဖမ်းဆီးနေတာကြောင့် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်း၊ ကျွန်းလှနဲ့ တန့် ဆည်မြို့နယ်အစပ်က ကျေးရွာတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျွန်းလှမြို့နယ်ကရွာတွေဖြစ်တဲ့ အင် တိုင်၊ ညောင်ကုန်း၊ ကနီ၊ ပေါယော၊ စစ်တော၊ မြင်သာ၊ သရက်တထောင်၊ ကျွဲတဲ့ စတဲ့ရွာတွေအပြင် တန့် ဆည် နယ်ထဲက ပုတီး၊ စည်းသာ၊ ပေချောင်၊ ကမ်းဖြူ၊ ဝက်တိုး၊ သာခေါင်ကြီး စတဲ့ ကျေးရွာဒေသခံတွေဟာလည်း စစ် အုပ်စုနဲ့ ပျူစောထီးတွေရဲ့ ပေါ်တာဆွဲဖမ်းဆီးမှာ သတ်ဖြတ်ခံရမှာတွေကြောင့် ထွက်ပြေးတိမ်း ရှောင်နေကြရတာ ဖြစ်ပါတယ်။

 

photo_2024-07-04_22-03-25.jpg

ကန့်ဘလူမြို့မှာ အင်အားပြနေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စု လက်အောက်က ပြည်သူ့စစ် အမည်ခံ ပျူတွေ/Photo - စစ်အုပ်စု

ဒါ့အပြင် ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်အစပ် လက်ပံတောင်းတောင်အနီးဝန်းကျင်က ကျေးရွာတွေဖြစ်တဲ့ ကံကုန်း၊ ဒုန်းတော၊ ကျေးစာကျကျေးရွာတွေအပြင် အနီးအနားကျေးရွာတွေလည်း စစ်အုပ်စုက စီးနင်းဝင် ရောက် ပြီးအထိုင်ချတပ်စွဲထားတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာ နှစ်လကျော်ရှိလာပြီ ဖြစ်ပါတယ်။

 

  • စစ်အုပ်စုရဲ့ ဒရုန်းအသုံးပြုတိုက်ခိုက်မှု

စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ လေယာဉ်ချည်း အားမကိုးတော့ဘဲ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကို အခုနောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြု လာပါတယ်။

ဇွန်လ အစောပိုင်းက တန့်ဆည်နဲ့ ကန့်ဘလူနယ်အစပ်က အက်တော၊ သဲကုန်းရွာတွေဘက်မှာ စစ်အုပ်စုနဲ့တော် လှန်ရေးအဖွဲ့တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်အုပ်စုဘက်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့လို့ တန့်ဆည်မြို့ နယ်က တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဇွန် ၂၀ ရက်က မုံရွာမြို့နယ်တောင်ခြမ်း မုံရွေးကျေးရွာ ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက် ရာမှာ နှစ်ပေါင်း ၁၂၀ သက်တမ်းရှိတဲ့ ရှေးဟောင်းကျောင်းဆောင်ပြိုကျပျက်စီးခဲ့ပါတယ်။

“စစ်အုပ်စုက ငြိမ်ပြီးထိုင်နေတာမှမဟုတ်တာ။ ကျနော်တို့က နည်းပညာနဲ့ကစားသလို သူတို့ကလည်း နည်းပညာ နဲ့ ကစားလာပြီ။ လေယာဉ်ချည်း အားကိုးတာ မဟုတ်တော့ဘဲနဲ့ သူတို့ကိုယ်တိုင် ဒရုန်းတွေကို သုံးလာပြီလေ”လို့ အမှတ် (၁) စစ်ဒေသတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

photo_2024-07-04_22-03-14.jpg

ကန့်ဘလူမြို့မှာ အင်အားပြနေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စု လက်အောက်က ပြည်သူ့စစ် အမည်ခံ ပျူတွေ/Photo - စစ်အုပ်စု

စစ်အုပ်စုဟာ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်မှာသာမက အထိုင်ချစစ်စခန်းဂိတ်တွေမှာလည်း ဒရုန်းတွေ ကို အသုံးပြုလာတယ်လို့ အထက်ပါ တာဝန်ရှိသူကပြောပါတယ်။ စစ်ကြောင်းထွက်တဲ့အခါ ကင်းထောက်ဒရုန်း တွေအပြင် ဗုံးကြဲဒရုန်းတွေကိုပါ ပြည့်ပြည့်စုံစုံ အသုံးပြုလာနေပြီး မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုတွေဆီကို လည်း ဒရုန်းအချို့ ရောက်ရှိနေပြီလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ရေဦးမြို့ပေါ်မှာ အင်အား ၂၈၀ လောက်နဲ့ အထိုင်ချထားတဲ့ စစ်အုပ်စုနဲ့ပျူအဖွဲ့တွေဆီမှာလည်း ဒရုန်းတွေရောက်ရှိနေပြီလို့ ရေဦးမြို့နယ် ရပ် ကျေး (ပကဖ) ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

 

“ကင်းထောက်ဒရုန်းရော၊ ဗုံးကြဲဒရုန်းတွေရော တော်တော်ကို ပြည့်ပြည့်စုံစုံပါနေတယ်။ ကျနော်တို့အဲဒါသတိ ထားရမှာပဲ ” လို့ အမှတ် (၁) စစ်ဒေသတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နည်းပညာပိုင်းအရ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်အုပ်စု ယှဉ်ပြိုင်လာရတဲ့ အခြေအနေဖြစ်လာပြီး စစ်အုပ်စုက တော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းတွေကို ပစ်ချနိုင်တဲ့ နည်းပညာရှိပေမယ့် တော်လှန်ရေးအဖွဲ့တွေမှာ စစ်အုပ်စုရဲ့ ဒ ရုန်းတွေကို ပစ်ချနိုင်တဲ့ နည်းပညာမရှိသေးဘူးလို့ ရေဦးမြို့နယ် ရပ်ကျေး(ပကဖ) ခေါင်းဆောင်တစ်ဦးက ပြောပါ တယ်။

 

စစ်အုပ်စုဟာ အခုလို ဒရုန်းနည်းပညာကို အသုံးပြုနိုင်ဖို့အတွက် ရွှေဘိုမြို့နယ်အနောက်ခြမ်းက ပန်းရံ၊ တည်သီး တော၊ သီးလုံး၊ ဇီးဖြူကုန်း စတဲ့ ပျူစောထီးကျေးရွာဒေသခံတွေကို ကန့်ဘလူရှိ ၆၀၀၆ တင့်ကား တပ်၊ ရွှေဘိုမြို့ လေ့ကျင့်ရေး(၈)နဲ့ ကျွန်းလှမြို့ပေါ်တွေမှာ ဒရုန်းနဲ့ လက်နက်ကြီးပစ်သင်တန်းတွေ သင်ကြားပေးနေတာပဲဖြစ်ပါ တယ်။

photo_2024-07-04_22-03-20.jpg

ကန့်ဘလူမြို့မှာ အင်အားပြနေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စု လက်အောက်က ပြည်သူ့စစ် အမည်ခံ ပျူတွေ/Photo - စစ်အုပ်စု

 

ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံတစ်ဦးကတော့ အညာမှာ စစ်အုပ်စုရဲ့ အခိုင်အမာ စစ်စ ခန်းတွေအထိုင်ချပြီး စစ်ရေးပြင်ဆင်လာမှုနဲ့ ဒရုန်းတွေ အသုံးပြုလာနိုင်တာနဲ့ ပတ်သက်လို့ အခုလို မှတ်ချက်ပြု ပါတယ်။

 

“ဒရုန်းကို သူတို့ကျွမ်းကျွမ်းကျင်ကျင်နဲ့ သုံးလာနိုင်တယ်ဆိုရင်တော့ တော်လှန်ရေးအဖွဲ့တွေ အခက်အခဲ အတိုင်း အတာ တစ်ခုအထိတော့ ရှိမှာပေါ့။ ဒါပေမဲ့ ဒရုန်းသုံးသည်ဖြစ်စေ၊ ဘာသုံးသည်ဖြစ်စေ၊ ပြည်သူတွေရဲ့ တော်လှန် ရေးရဲဘော်တွေရဲ့ စိတ်ဓာတ်ပဲဗျ။ တော်လှန်ရေးရဲဘော်တွေရဲ့ စိတ်ဓာတ်ခိုင်မာနေသရွှေ့ ဘယ်လိုပစ္စည်းပဲသုံးပါ စေသူတို့ကတော့ ရှေ့တိုးနိုင်မှာမဟုတ်ပါဘူး”

photo_2024-07-04_22-03-33.jpg

ကန့်ဘလူမြို့မှာ အင်အားပြနေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စု လက်အောက်က ပြည်သူ့စစ် အမည်ခံ ပျူတွေ/Photo - စစ်အုပ်စု

ကန့်ဘလူမြို့နယ်မှာ အင်အားပြနေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စု လက်အောက်က ပြည်သူ့စစ် အမည်ခံ ပျူတွေ/Photo - စစ်အုပ်စု

#Mandalay_Free_Press_MFP

 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ