တန့်ဆည်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊ စကစ (၁၀)ယောက်ခန့် သေ၊

တန့်ဆည်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊ စကစ (၁၀)ယောက်ခန့် သေ၊

MFP၊ အောက်တိုဘာ - ၁၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေထဲ ရွာစဉ်ပတ်မွှေ လယြက် ဓားပြတိုက် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒီမနက်ပိုင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစ (၁၀)ယောက်ခန့် သေတယ်လို့ ရွှေဘိုခရိုင် တပ်ရင်း (၂၅) - TPC တပ်ဖွဲက သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ (၁၁)ရက်မှာ တန့်ဆည်နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်ဓားပြတိုက်ပြီး ခိုးရာပါ ပစ္စည်းတွေနဲ့အတူ တန်ပဆည်မြို့ဘက် ပြန်လာတဲ့ စကစ အင်အား(၈၀)လောက်ကို အင်ကြင်းပင်တောရကျောင်း တောင်ဘက် မူးတံတားပေါ်မှာ TPC အထူးဖောက်ခွဲရေး မိုင်းတပ်စိတ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။

"သီတင်းကျွတ် အထူးလက်ဆောင်အနေနဲ့ မုန့်ဟင်းခါး (၁၀)ပွဲလောက် တစ်ခါတည်း ချက်ပြုတ်နိုင်ခဲ့ပြီး ပရိုမိုးရှင်း အနေနဲ့ ခြေပြတ် လက်ပြတ်များ အတော်လေးများ သည်ဟု နီးစပ်ရာ အတွင်းဖရဲသီး ကနေတဆင့် သိရှိရပါတယ်"လို တပ်ရင်း (၂၅)TPC တပ်ဖွဲက ဖော်ပြပါတယ်။

လက်ရှိမှာ မိုင်းဆွဲခံရတဲ့ စကစတွေ သေဆုံးဒဏ်ရာရသူတွေကို သယ်ပြီး တန့်ဆည်မြိုတွင်းဘက် ပြန်ဝင်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

တန့်ဆည်နှင့် ရေဦးနယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှိုကနေလို့ ကျေးရွာ (၄၀)နီးပါးက ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #TPC

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ