ငါန်းဇွန်မှာ ဆုကြေးယူပြီး PDF စခန်းလိုက်ပြတဲ့ မြေတိုင်းစာရေး ပစ်ခတ်ခံရပြီး သေဆုံး၊ ခြင်္သေ့လက်ရွာ ပျူအသတ်ခံရမှု စစ်အုပ်စုက ဒေသခံအမျိုးသမီး ငါးဦးကို ဥပဒေမဲ့ ဖမ်းဆီးထား၊

ငါန်းဇွန်မှာ ဆုကြေးယူပြီး PDF စခန်းလိုက်ပြတဲ့ မြေတိုင်းစာရေး ပစ်ခတ်ခံရပြီး သေဆုံး၊ ခြင်္သေ့လက်ရွာ ပျူအသတ်ခံရမှု စစ်အုပ်စုက ဒေသခံအမျိုးသမီး ငါးဦးကို ဥပဒေမဲ့ ဖမ်းဆီးထား၊

MFP ၊ နိုဝင်ဘာ - ၁၃

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာမြို့က ပျုသင်တန်းဆင်း၊ စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူပို ရန်ပြု သောင်းကျန်းနေတဲ့ မြေတိုင်းစာရေး ခင်မောင်သန်း ဆိုသူကို သေနတ်နဲ့ (၁၀)ချက် ပစ်ခတ်ခဲ့ရာ သေဆုံးတယ်လို့ မန္တလေးခရိုင်၊ အမှတ်(၅)တပ်ရင်း - မြစ်ငယ် Myitnge People Defence Force က သတင်း ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ(၁၂)ရက် မနေ့က ငါးဇွန်မြို့နယ် မြို့သာရွာမှာ နေထိုင်တဲ့ ပျူစောထီး သင်တန်းဆင်း၊ ရွှေတောင်အုပ်စု မြေတိုင်းစာရေး ခင်မောင်သန်းကို မြစ်ငယ် MN PDF မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့နှင့်

ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ခင်မောင်သန်းသည် PDF စခန်းရှိသော နေရာများကို သတင်းပေး တိုင်းကြားပြီး ( စခများထံ ဆုကြေးငွေ ) ထုတ်ယူသူ ဖြစ်သည် “ လို့ MN PDF က ဖော်ပြပါတယ်

နိုဝင်ဘာ (၁၀) ရက် ညနေပိုင်းကလည်း ငါန်းဇွန်မြို့နယ်ထဲ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူကို ရန်ပြု သောင်းကျန်းနေတဲ့ ခြင်္သေ့လက်ရွာက စကစခန့် အုပ်ချုပ်ရေးမှူး အောင်သန်းမြင့်နဲ့ တပည့် ပျူခေါင်းဆောင် ထွန်းရင်တို့ အတူရှိနေချိန် မြစ်ငယ် MNPDF နဲ့ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ထွန်းရင်မှာ သေနတ်ကျည် ခုနှစ်ချက် ထိမှန်ကာ သေပြီး အောင်သန်းမြင့်က လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ခြင်္သေ့လက်ရွာက စစ်ကောင်စီ လက်ပါးစေ ပျူသေဆုံးတဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်အုပ်စုက ဒေသခံအမျိုးသမီး ငါးဦးကို ဥပဒေမဲ့ ဖမ်းဆီးထားတယ်လို့ ငါန်းဇွန်ဒေသခံတွေက ပြောပါတယ်။

“ခြင်္သေ့လက်ကနေ စစ်ခွေးတွေ ဖမ်းခေါ်သွားတဲ့ အမျိူသမီး ငါးဦးလည်း ယခုအချိန်ထိ ပြန်မလွတ်သေးပါ၊ အုပ်ကြီးကိုလည်း ဆွဲစိထားတယ်လို့ ကြားသိရ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုက ငါန်းဇွန်နယ်ထဲ ထင်တိုင်းကျဲ လုယက် သောင်းကျန်းပြီး ပြည်သူကို ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ကလည်း ငါန်းဇွန်နယ် ဂျွန်းကန်ရွာက စစ်ကောင်စီ သတင်းပေး ထွေအုပ်စာရေး လင်မယား သေဆုံးမှုနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂျွန်းကန်ရွာက အမျိုးသမီး တစ်ဦး အပါအဝင် လူငယ်ငါးဦးကို စစ်အုပ်စုက ဖမ်းဆီးညှဉ်းပန်းကာ ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်သတ်ပြီး အလောင်းတွေကို လမ်းဘေးစွန့်ပစ်ခဲ့ပါတယ်။

ငါန်းဇွန်နယ်ထဲ စစ်အုပ်စုနဲ့ ပျူတွေက သောင်းကျန်းသတ်ဖြတ်နေသလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်အုပ်စုနဲ့ အပေါင်းအပါတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး ငါန်းဇွန်နယ်ထဲ စစ်အုပ်စုနဲ့ ပေါင်းကာ ပြည်သူကို ရန်ပြုသောင်းကျန်း သတ်ဖြတ်နေတဲ့ စကစ ထောက်တိုင်တွေရဲ့ အမည်စာရင်းတွေ ရရှိထားပြီးဖြစ်တယ်လို့ ဇာမဏီပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ငါန်းဇွန် #ခြင်္သေ့လက် #အုပ်ချုပ်ရေးမှူး #ပျူစောထီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ