ဘုတလင်မှာ သေနတ်နှစ်လက်နဲ့ အလင်းဝင်လာတဲ့ စစ်သားနှစ်ဦးကို ကျပ်သိန်း(၅၀)စီ ချီးမြှင့်၊

ဘုတလင်မှာ သေနတ်နှစ်လက်နဲ့ အလင်းဝင်လာတဲ့ စစ်သားနှစ်ဦးကို ကျပ်သိန်း(၅၀)စီ ချီးမြှင့်၊

MFP ၊ စက်တင်ဘာ - ၁၁

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စက်လတ်ခေါ် MA-2 စက်သေနတ်နတ် အပါအဝင် သေနတ်နှစ်လက်နဲ့ အလင်းဝင်လာတဲ့ စစ်သားနှစ်စီးကို ကျပ်သိန်း(၅၀)စီ ချီးမြှင့်ပေးခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဖြစ်တဲ့ ဒုံးပျံ Local PDF က သတင်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ(၄)ရက်က ဘုတလင်မြို့နယ်မှာ စစ်သားနှစ်ယောက်က ဒုံးပျံ LDF တပ်ဖွဲ့ထံ လက်နက်ချ အလင်းဝင်လာတာလို့ ဆိုပါတယ်။

“စက်တင်ဘာ(၄)ရက်က ဒုံးပျံ local pdf သို့ လက်နက်ချ အလင်းဝင်လာသော ရဲဘော် နှစ်ဦးအား ဂုဏ်ပြုဆုငွေ သိန်း(၅၀)ကျပ်စီဖြင့် ရဲဘော် နှစ်ဦးစလုံးအား အသီးသီး ပေးအပ်ချီးမြင့်ခဲ့ပါသည်။ ကြွရောက်ပေးကြပါသော မြို့နယ် ပကဖ၊ ပအဖနှင့် Local pdf ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များ အားလုံးကို အထူးအထူးပင် ကျေးဇူးတင်ရှိပါသည်” လို့ ဒုံးပျံ local pdf က ဖော်ပြပါတယ်။

ဒုံးပျံ LDF နှင့် ချိတ်ဆက်ပြီး အလင်းဝင်လာတဲ့ စစ်သားနှစ်ဦးဟာ ဘုတလင်မြိုနယ် ကူတော်ရဲစခန်းက ဖြစ်ပြီး (MA-2)တစ်လက်၊ (MA-1) သေနတ် တစ်လက်၊ ကျည်အတောင့် (၄၀၀) ၊ လက်ပစ်ဗုံး ငါးလုံးနှင့် နင်းမိုင်းတစ်လုံး ပါဝင်တယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ဘုတလင် #ဒုံးပျံLDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ