ကနီနယ်မှာ ဆင်(၃၅)စီးနှင့်အတူ CDM ဝင်ထားတဲ့ ဆင်ဦးစီး မိသားစုတွေကို စားနပ်ရိက္ခာ ထောက်ပံ့၊

ကနီနယ်မှာ ဆင်(၃၅)စီးနှင့်အတူ CDM ဝင်ထားတဲ့ ဆင်ဦးစီး မိသားစုတွေကို စားနပ်ရိက္ခာ ထောက်ပံ့၊

MFP ၊ သြဂုတ် - ၁၇

စစ်ကိုင်းတိုင်း ကနီနယ်မှာ ဆင်(၃၅)စီးကို စောင့်ရှောက်နေတဲ့ CDM ဆင်ဦးစီး မိသားစုကို ကနီနယ် ကျောက်လုံးကြီး KLG PDF က အစားအသောက် ရိက္ခာတွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ကျောက်လုံးကြီး KLG PDF က သတင်း ထုတ်ပြန်ပါတယ်။

May be an image of elephant and outdoors

CDM ဝင်ကာ ဆင်(၃၅)စီးကို စောင့်ရှောက်နေတဲ့ ဆင်ဦးစီး မိသားစု (၃၃)စုက လူဦးရေ (၁၁၀)ကျော်အတွက် ကျောက်လုံးကြီး KLG PDF က အများပြည်သူ လှူဒါန်းငွေထဲက ဆန်တင်း(၇၀)ကျော်နှင့် ကျပ်(၃၁)သိန်းကျော် ထောက်ပံ့ကူညီပေးခဲ့တာလို့ ဆိုပါတယ်။

“ဆင်ကောင်ရေ (၃၅)ကောင်အား စောင့်ရှောက်နေကြသော CDM ဝင်ထားသည့် ဆင်ဦးစီး မိသားစု (၃၃)စု လူဦးရေ (၁၁၇)ယောက်အတွက် အများပြည်သူများ၏ စေတနာဖြင့် လှူဒါန်းထားသော ဆန်တင်း (၇၀)ကျော်၊ ပိုက်ဆံ (၃,၁၆၂,၉၀၀)ကျပ်နှင့် ဆီ၊ ဆား အစရှိသည်များကို KLG PDF (ကျောက်လုံးကြီး)အဖွဲ့ တဆင့် ဆင်ဦးစီး မိသားစုထံ သွားရောက် ပေးအပ်ခဲ့ပါသည်” လို့ ကျောက်လုံးကြီး KLG PDF က ဖော်ပြပါတယ်။

May be an image of 3 people and people standing

ကနီနှင့် ယင်းမာပင်နယ်ထဲ အလောင်းတော်ကဿပ သစ်တော အပါအဝင် သစ်တောဧရိယာတွေ ကျန်ရှိနေသေးပြီး ယခင်အစိုးရ အဆက်ဆက် သစ်ထုတ်လုပ်ငန်းအတွက် ဆင်တွေ အသုံးပြုနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကနီ #ဆင် #ဆင်ဦးစီး #CDM #ပြည်သူ #KLGPDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ