မောင်းပြန် မရှိပေမယ့် တူမီးကိုင်ပြီး တိုက်ခိုက်နေတဲ့ ဝက်လက် Tiger King တပ်ဖွဲ့က အညာသူ ရဲမေများ၊

မောင်းပြန် မရှိပေမယ့် တူမီးကိုင်ပြီး တိုက်ခိုက်နေတဲ့ ဝက်လက် Tiger King တပ်ဖွဲ့က အညာသူ ရဲမေများ၊

MFP ၊ စက်တင်ဘာ - ၂၀

အော်တို မောင်းပြန် သေနတ် မရှိပေမယ့် တူမီးနှင့် လက်လုပ်သေနတ်တွေ ကိုင်ဆောင်ပြီး တိုက်ပွဲဝင်နေတဲ့ အညာသူ ရဲမေတွေရဲ့ ပုံတွေကို ရွှေဘိုခရိုင် တပ်ရင်း (၁၅) ဝက်လက်မြို့နယ် Tiger King တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

“တော်လှန်ရေး ဇာတ်ကားတွေထဲကလို သေနတ်အစစ်တွေနဲ့ တိုက်ပွဲဝင်ရမယ်လို့ တွေးခဲ့ဖူးတယ်။ လက်တွေ့ကျ တူမီးတောင် အနိုင်နိုင်ပါ အမေရယ်” လို့ Tiger King တပ်ဖွဲ့က ဖော်ပြပါတယ်။

လက်ရှိမှာ Tiger King တပ်ဖွဲ့က “Toger King အတွက် မောင်းပြန်လှူ၊ ဟယ်ရီနဲ့အတူ ဝိုင်းလို့ကူ” ဆိုတဲ့ ကမ်ပိန်းနဲ့ မောင်းပြန်သေနတ် ဝယ်ယူနိုင်ဖို့ အလှူခံနေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #TigerKing #ရဲမေ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ