အရာတော်နယ်ခံ ပြည်သူတွေက နားကပ် ချွတ်ပြီး PDF တွေကို ထောက်ပံ့လှူဒါန်း၊

အရာတော်နယ်ခံ ပြည်သူတွေက နားကပ် ချွတ်ပြီး PDF တွေကို ထောက်ပံ့လှူဒါန်း၊

MFP ၊ သြဂုတ် - ၂၂

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကျေးရွာတစ်ရွာက စစ်ဘေးသင့်အမျိုးသမီး သုံးဦးက ဖက်ဆစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအတွက် နားကပ်ချွတ်ကာ ထောက်ပံ့ လှူဒါန်းပေခဲ့တယ်လို့ အရာတော်ဘုန်းနိုင် ABN PDF က သတင်း ထုတ်ပြန်ပါတယ်။

အရာတော်နယ်ထဲ ဖက်ဆစ်တပ်က ရွာစဉ်ပတ်မွှေ လုယက်မီးရှို့ သောင်းကျန်းနေလို့ စစ်ပြေးနေရပြီး နေအိမ်နှင့် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ မီးရှိုကဖျက်ဆီး ခံနေရတဲ့ကြားက ဒေသခံပြည်သူတချို့က နားကပ်ချွတ်ပေးပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကို ထောက်ပံ့လှူဒါန်းပေးတာလို့ ဆိုပါတယ်။

“တကယ်ကို လေးစားမိပါတယ်။ ကျွန်တော်တို့ အရာတော်ဘက် ရွာတွေက ပြည်သူ အများစုဟာလည်း ကျေးရွာတွေ မီးရှို့ခံရ၊ စစ်ကြောင်း ဘယ်အချိန် ထိုးမလဲဆိုပြီး အထုပ်အပိုး အသင့်နဲ့ နေကြရတာပါ။ ဘာစီးပွားရေးမှ မယ်မယ်ရရ စိတ်အေးလက်အေး မလုပ်နိုင်ကြတဲ့ အချိန်မှာ ဝင်ငွေ မရှိကြပါဘူး။ စားဝတ်နေရေး ခက်ခဲနေချိန်မှာတောင် အခုလို နားက နားကပ်လေး ဖြုတ်လှူတယ်ဆိုတာ တကယ်ကို တော်လှန်စိတ်၊ အောင်မြင်စိတ်၊ စစ်အာဏာရှင်စနစ်ကို မုန်းတီးတဲ့ စိတ်နဲ့ပါ။ အညာဒေသ ပြည်သူများအတွက် ရွှေဆိုတာ ရှိ တန်ဆာ၊ မရှိ ဝမ်းစာ ဆိုပြီး ဆောင်ထားကြသူတွေပါ။ အခုချိန် ဝမ်းစာအတွက်ပါ မတွေးဘဲ တော်လှန်ရေးအတွက် လှူဒါန်းပါသော ပြည်သူ သုံးဦးရဲ့ လှူဒါးန်မှုများနှင့် ထိုက်တန်အောင် ကြိုးစား တိုက်ခိုက်တော်လှန်သွားမည်လို့ Ayadaw Bone Naing PDF အဖွဲ့က ကတိပြုပါတယ်” လို့ ABN PDF က ဖော်ပြပါတယ်။

ဖက်ဆစ်တပ်ဟာ အရာတော်နယ်ထဲ လက်နက်အားကိုးနှင့် ရွာစဉ်တ်မွှေ လုယက် သောင်းကျန်းနေပြီး ကုန်းကြောင်းသာမက ရဟတ်ယာဉ်တွေနဲ့ပါ ပစ်ခတ်စီးနင်းကာ လူသ-တ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #နားကပ် #ပြည်သူ #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ