ပုလဲ - မုံရွာလမ်းမှာ စစ်အုပ်စုရဲ့ ပစ္စည်းတွေ တင်လာတဲ့ ခရီးသည်တင်ကားကို PDF တွေက ဖမ်းဆီး အရေးယူ၊

ပုလဲ - မုံရွာလမ်းမှာ စစ်အုပ်စုရဲ့ ပစ္စည်းတွေ တင်လာတဲ့ ခရီးသည်တင်ကားကို PDF တွေက ဖမ်းဆီး အရေးယူ၊

MFP ၊ စက်တင်ဘာ - ၆

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ပုလဲ - မုံရွာလမ်းပေါ် သွားလာနေတဲ့ ခရီးသည်တင်ကား တစ်စီးကို စစ်ဆေးရာ စစ်ကောင်စီ လက်အောက်ခံ ရဲတွေရဲ့ အသုံးအဆောင် ပစ္စည်းတွေ တင်ဆောင်လာတာ တွေ့ရတဲ့အတွက် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ဖမ်းဆီးထားတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်(၂၈)ရက်က ပုလဲကနေ မုံရွာမြို့ဘက် မောင်းနှင်လာတဲ့ Dollar ခရီးသည်တင် ကားပေါ်မှာ စစ်အုပ်စု လိုက်ပါလာတယ်လို့ သတင်းရလို့ စစ်ဆေးရာမှာ စကစတွေ မပါဘဲ အသုံးအဆောင် ပစ္စည်းတွေ တင်ဆောင်လာတာကို စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

May be art

“ရခများ ပါလာသည်ဟု ကြိုတင်သတင်း ရရှိမှုကြောင့် တာဆီးစစ်ဆေးရာ ကားပေါ်တွင် ယာဉ်မောင်းအပါဝင်၊ ကားပိုင်ရှင်၊ ကားစပါယ်ယာနှင့်အတူ ခရီးသည်တစ်ဦး စီးနင်းလိုက်ပါခဲ့သည်။ ထို လေးဦးနှင့်အတူ ကာပေါ်တွင် ရဲမှုးအေးဝင်း (ရဲ---)နှင့် သက်ဆိုင်သော ရုံးစာရွက်စာတမ်းများ၊ မှတ်တမ်းဓာတ်ပုံများ၊ ရဲယူနီဖောင်းများ၊ ရဲ အသုံးဆောင်ပစ္စည်းများနှင့် အိမ်ထောင်ပရိဘောဂ မျိုးစုံနှင့် ရော၍ တင်ဆောင်လာသည်ကို စစ်ဆေး တွေ့ရှိရသည်။ ယာဉ်ပေါ်လာသူ လေးဦးအား စစ်ဆေးခဲ့ရာ ခရီးသည်တစ်ဦးအား သံသယ ကင်းရှင်း၍ ချက်ချင်း လွှတ်ပေးခဲ့ပြီး ကျန် သုံးဦးအား ဆက်လက်စစ်ဆေးခဲ့ရာ ယခုအကြိမ် အပါအဝင် သုံးကြိမ်မြောက် သယ်ယူ ပို့ဆောင်ပေးခဲ့ကြောင်း ဝန်ခံခဲ့ကြပြီး ၎င်းပစ္စည်းများအပါအဝင် စေခိုင်းသူနှင့် မည်သို့မျှ ပတ်သက်မှု မရှိကြောင်း ထွက်ဆို ခဲ့သော်လည်း ငြင်း၍မရအောင်ပင် သက်သေတည် နေပါသည်။ မြန်မာနိုင်ငံ ပြည်သူလူထုတစ်ရပ်လုံးက စစ်အကြမ်းဖက်အုပ်စုကို အမြစ်ပါမကျန် တိုက်ထုတ်တွန်းလှန်နေချိန်မှာ ယခုကဲ့သို့ မိမိ မိသားစု စီးပွားရေး အဆင်ပြေရေး တစ်ခုတည်းကိုသာ ဦးတည်ပြီး စကစ၏ ထောက်တိုင်များသဖွယ် စစ်အကြမ်းဖက်အုပ်စုအား ကူညီနေမှုကို YMB LPDF မှ မည်သို့မှ လက်ခံနိုင်ဖွယ် မရှိသည် အတွက် ကားနှင့်အတူ ပစ္စည်းများအားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ပြီး တော်လှန်ရေးအတွက် လိုအပ်သော နေရာများတွင် ပြန်လည် အသုံးချသွားမည် ဖြစ်သည်။ ထိမ်းသိမ်းထားသူ သုံးဦးအား ယင်းမာပင်မြို့နယ် ပ.လ.ဖ မှတဆင့် ပုလဲမြို့နယ် ပ.အ.ဖ ထံသို့ လိုအပ်သလို ဆက်လက် အရေးယူဆောင်ရွက်ရန် တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မိဘပြည်သူလူထုသို့ အသိပေးအပ်ပါသည်” လို့ ယင်းမာပင် LPDF က ဖော်ပြပါတယ်။

ခရီးသည်တင်ကားတွေ အပါအဝင် စစ်အုပ်စုရဲ့ ပစ္စည်းတွေ သယ်ယူပို့ဆောင်တာ၊ စစ်အုပ်စု ထောက်တိုင်အဖြစ် လုပ်ဆောင်တာတွေကို နောင်မှာ ထိထိရောက်ရောက် အရေးယူမယ်လို့လည်း ယင်းမာပင် LPDF က သတိပေး ထုတ်ပြန်ပါတယ်။

အဲ့ဒီ ဖြစ်စဉ်မှာ ချင်းတွင်းဂဠုန်ရာဇာ ၊ Triple Two၊ MTOF၊ Alpha Special Force၊ YMB LPDF၊ ဒေါင်းစစ်သည်လူငယ် Local PDF နှင့် ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေ ပူပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုလဲ #မုံရွာ #ယင်းမာပင် #LPDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ