မန္တလေးမှာ စစ်အုပ်စု ကင်းပတ်နေချိန် ဘီယာဆိုင် ဓားပြတိုက်ခံရ၊ PDF တွေ ဓားပြတိုက်တာလို့ စစ်အုပ်စုက စွပ်စွဲ

မန္တလေးမှာ စစ်အုပ်စု ကင်းပတ်နေချိန် ဘီယာဆိုင် ဓားပြတိုက်ခံရ၊ PDF တွေ ဓားပြတိုက်တာလို့ စစ်အုပ်စုက စွပ်စွဲ

MFP ၊ ဩဂုတ် - ၄

မန္တလေးမြို့မှာ မနေ့ကညပိုင်း စစ်အုပ်စု ကင်းပတ်နေချိန် စိန်ပန်းရပ်ကွက်ထဲက ဘီယာဆိုင်တစ်ခုကို ဓားပြတိုက်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

(၄၁) လမ်း၊ (၈၉) လမ်းနဲ့ လမ်း (၉၀) ကြားထဲက ဘီယာဆိုင်တစ်ခုကို ည (၈) နာ‌ရီလောက်မှာ ကားအဖြူတစ်စီး၊ အမည်းတစ်စီး ရောက်လာပြီး အရပ်ဝတ်နဲ့ လူ (၈)ဦးခန့် ထွက်လာကာ ဆိုင်ထဲမှာ ဓားပြတိုက်ခဲ့တာလို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။

ဓားပြတွေ ပြန်ထွက်သွားပြီး မိနစ်ပိုင်းအတွင်း ကားတစ်စီးနဲ့ စကစ (၆)ယောက် ရောက်လာပြီး စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

ဓားပြတိုက်စဉ် ဘယ်လောက်ပါသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီဖြစ်စဉ်ဟာ ဘယ်သူတွေ လုပ်ဆောင်သလဲ မသိရသေးပေမယ့် စစ်အုပ်စုဘက်ကတော့ PDF တွေ လုပ်ဆောင်တယ်ဆိုပြီး လော်ဘီတွေကတဆင့် စွပ်စွဲပြောဆိုနေပါတယ်။

အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင်း လှည့်လည်နေတဲ့ စစ်အုပ်စု(ပုံဟောင်း)/ ဓာတ်ပုံ - CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဘီယာဆိုင် #စိန်ပန်းရပ် #ဓားပြတိုက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ