မန္တလေး ပြည်ကြီးတံခွန်မြို့နယ်က ရာအိမ်မှူး သေနတ်ပစ်ခံရပြီး သေဆုံး

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်က ရာအိမ်မှူး သေနတ်ပစ်ခံရပြီး သေဆုံး

MFP ၊ ဩဂုတ် - ၂၉

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက် ရာအိမ်မှူး ဦးစန်းမောင်ဟာ မနေ့က ညပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မနေ့ ဩဂုတ် (၂၈)ရက် ည (၇)နာရီအချိန်မှာ သင်ပန်းကုန်းရပ်ကွက်ထဲက မင်းရဲကျော်စွာလမ်းနဲ့ လမ်း (၅၀)ထောင့်က လမ်းမီးတိုင်တွေကို မီးလိုက်ဖွင့်နေချိန် သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ဝဲဘက်ပါး၊ လက်မောင်းတို့မှာ ကျည်ပေါက်ဝင်ဒဏ်ရာတွေ ရရှိခဲ့ကာ ဆေးရုံတင်ပို့စဉ် သေဆုံးခဲ့တာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာ သင်ပန်းကုန်းရပ်ကွက်ထဲ စစ်အုပ်စု (၄၀)ခန့် ရောက်လာပြီး စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် အဲဒီပစ်ခတ်မှုဖြစ်ပွါးပြီးမကြာခင် (၇)နာရီခွဲခန့်မှာလည်း ၁၀၈ လမ်းနဲ့ ၅၉ လမ်းအနီးက ချမ်းမြသာစည်မြို့နယ် ပညာရေးမှူးရုံးကို ဗုံးထုခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီပစ်ခတ်မှုနဲ့ ဗုံးထုတိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သင်ပန်းကုန်း #ရာအိမ်မှူး #ပညာရေးမှူးရုံး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ