ကန့်ဘလူက ပျူခေါင်းဆောင် သင်္ကန်းဝတ် ဝါသ၀ မိုင်းထိလို့ ခြေတစ်ဖက် ဖြတ်ဆိုတာ မဟုတ်မှန်၊ စစ်အုပ်စုက ပျူတွေကို ခိုးရာပါ ပစ္စည်းတွေ ခွဲဝေးပေးအပ်ပွဲ ဝါသ၀ တက်ရောက်၊

ကန့်ဘလူက ပျူခေါင်းဆောင် သင်္ကန်းဝတ် ဝါသ၀ မိုင်းထိလို့ ခြေတစ်ဖက် ဖြတ်ဆိုတာ မဟုတ်မှန်၊ စစ်အုပ်စုက ပျူတွေကို ခိုးရာပါ ပစ္စည်းတွေ ခွဲဝေးပေးအပ်ပွဲ ဝါသ၀ တက်ရောက်၊

MFP ၊ အောက်တိုဘာ - ၃

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က စစ်ကောင်စီ လက်ပါးစေ၊ ပျူစောထီးအဖွဲ့ ခေါင်းဆောင်၊ သင်္ကန်းဝတ် ဝါသဝရဲ့ ကား မိုင်းဆွဲခံရပြီး ခြေတစ်ဖက် ဖြတ်လိုက်ရတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ဘဲ ပျူခေါင်းဆောင် ဝါသ၀ ဟာ ဒီမနက်ပိုင်း ကန့်ဘလူနယ်မှာ ပြုလုပ်တဲ့ စစ်အုပ်စုက ပျူတွေကို ခိုးရာပါ ပစ္စည်း ခွဲဝေးပေးအပ်ပွဲကို ကိုယ်တိုင် တက်ရောက်လာတယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ(၃၀)ရက် မနက်(၁၁)နာရီက ကန့်ဘလူမြို့နယ်၊ တောက္ကရှပ် နှင့် မှော်တောရွာကြားမှာ ကန့်ဘလူနယ် ပျူစောထီးအဖွဲ့ ခေါင်းဆောင်၊ သင်္ကန်းဝတ် ဝါသဝရဲ့ ကားကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ကားထိမှန် ပျက်စီးပြီး ထိခိုက်မှု ရှိနိုင်တယ်လို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း (၁၆) – TRF က သတင်း ထုတ်ပြန်ပါတယ်။

နောက်ဆက်တွဲ အနေနဲ့ ကားထိမှန်ရုံသာမက ဝါသ၀ ကိုလည်း မိုင်းထိလို့ ခြေတစ်ဖက် ဖြတ်လိုက်ရတယ်လို့ သတင်းတွေ ပျံ့နေတာ ဖြစ်ပါတယ်။

ပျူခေါင်းဆောင် ဝါသ၀ ကတော့ ဒီမနက်ပိုင်း စစ်အုပ်စုက လုပ်တဲ့ ခိုးရာပါ ပစ္စည်းခွဲဝေပေးအပ်ပွဲကို ကိုယ်တိုင်တက်ရောက်ပြီး ခြေတစ်ဖက် ဖြတ်ရတာ မဟုတ်မှန်ကြောင်းနှင့် သူ မသေသေးဘူးဆိုတာ ထုတ်ဖော်ပြခဲ့ပါတယ်။

စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်း သတ်-ဖြတ်ကာ ခိုးရာပါ ပစ္စည်းတွေကို သူတို့ကို သစ္စာခံတဲ့ ပျူတွေကို ခွဲဝေးပေးအပ်နေတာ ဖြစ်ပါတယ်။

ဒီမနက်ပိုင်း တန့်ဆည်မြိုနယ်နှင့် ကျျွန်းလှမြိုနယ်ထဲက ပြည်သူ့စစ် အမည်ခံ ပျူတွေကို ခိုးရာပါ ပစ္စည်းတွေ ခွဲေ၀ ပေးအပ်ခဲ့ကြောင်း စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

ကန့်ဘလူက ပျူခေါင်းဆောင် ဝါသ၀ ဟာ မှော်တောနှင့် တောက္ကရှပ် အပါအဝင် ကန့်ဘလူနယ်က ဒေသခံတချို့ကို ပျူအဖြစ် လက်သပ်မွေးပြီး သင်တန်းပေးကာ စစ်အုပ်စုနှင့် ပေါင်းပြီး ဒေသတွင်းက သူတို့ကို မထောက်ခံတဲ့ ရွာတွေကို ဝင်မွှေလုယက် ဓားပြတိုက်တာ၊ ဖမ်းဆီးငွေညှစ်တာ၊ ညှဉ်းပန်းသတ်-ဖြတ်တာ၊ အိမ်မီးရှို့တာ၊ ရွာထဲမှာ ဆက်မနေနိုင်အောင် လုပ်တာမျိုးတွေ ထင်တိုင်းကျဲ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုက ပျူတွေကို ခိုးရာပါ ပစ္စည်းတွေ ခွဲဝေပေးအပ်ပွဲမှာ တွေ့ရတဲ့ ကန့်ဘလူ ပျူခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝ/Photo – S

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကန့်ဘလူ #ပျူ #ဝါသ၀

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ