ဝန်းသိုနယ်ထဲ ရွှေတွင်းတွေနဲ့ ပြည်သူတွေကို ဆက်ကြေးတောင်း ငွေညှစ်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊ စကစနဲ့ပျူ လေးယောက် သေဟုဆို၊

ဝန်းသိုနယ်ထဲ ရွှေတွင်းတွေနဲ့ ပြည်သူတွေကို ဆက်ကြေးတောင်း ငွေညှစ်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊ စကစနဲ့ပျူ လေးယောက် သေဟုဆို၊

MFP၊ သြဂုတ် - ၁၃

စစ်ကိုင်းတိုင်း ဝန်သိုမြိုနယ်ထဲ ဒေသခံပြည်သူတွေကို လက်နက်ပြ ငွေညှစ်သလို ရွှေတွင်းတွေကိုလည်း လိုက်လံ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒီညနေပိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစနဲ့ ပျူ လေးယောက် သေတယ်လို့ ဝန်းသို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲက သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ သြဂုတ်(၁၃)ရက် ညနေ(၅)နာရီက ဝန်းသိုနယ် လေဘိုကျေးရွာ အနီးမှာ ဒေသခံ ပြည်သူတွေကို ခြိမ်းခြောက် ငွေညှစ်ပြီး ရွှေတွင်းတွေကို လက်နက်ပြ ဆက်ကြေးတောင်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုနှင့် ပျူတွေကို တိုက်ခိုက်ခဲ့ရာ စကစနဲ့ ပျူ လေးယောက်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ဝန်းသိုမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲမှ ပျူစောထီး စစ်ခွေး လေးကောင်အား ပစ်ခတ် ရှင်းလင်းနိုင်ခဲ့ပါတယ်။ မိမိတိုဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်"လို ဝန်းသို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဖော်ပြပါတယ်။

ဝန်းသိုနယ်ထဲ မဟုတ်မတရား လုပ်ဆောင်နေသူ အားလုံးကို ဆက်လက် သု-တ်-သ-င် ရှင်းလင်းမယ်လို့လည်း ဝန်းသို ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝန်းသို #ရွှေတွင်း #ပြည်သူ #ဆက်ကြေးကောက် #ပကဖ #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ