ညောင်ဦးနှင့် တောင်သာမှာ စစ်အုပ်စုက ဒေသခံ ငါးဦးကို ဖမ်းဆီးပြီး လှည်လှီး၊ ခေါင်းဖြတ် သ-တ်၊၊ အလောင်းတွေ လမ်းဘေးစွန့်ပစ်၊ သွေးသောက်အဖွဲ့က သ-တ်တာလို့ သတင်းဖြန့်၊

ညောင်ဦးနှင့် တောင်သာမှာ စစ်အုပ်စုက ဒေသခံ ငါးဦးကို ဖမ်းဆီးပြီး လှည်လှီး၊ ခေါင်းဖြတ် သ-တ်၊၊ အလောင်းတွေ လမ်းဘေးစွန့်ပစ်၊ သွေးသောက်အဖွဲ့က သ-တ်တာလို့ သတင်းဖြန့်၊

MFP ၊ အောက်တိုဘာ - ၄

မန္တလေးတိုင်း ညောင်ဦးမြို့နယ်က ဒေသခံပြည်သူ လေးဦးနှင့် တောင်သာနယ်က ဒေသခံပြည်သူ တစ်ဦး၊ စုစုပေါင်း ဒေသခံပြည်သူ ငါးဦးကို စစ်အုပ်စုနှင့်ပျူတွေက ဖမ်းဆီးပြီး လှည်လှီး၊ ခေါင်းဖြတ် သ-တ်-ဖြတ်ကာ အလောင်းတွေကို လမ်းဘေး စွန့်ပစ်ထားခဲ့တယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

ညောင်ဦးမြို့နယ် စဉ့်ကူကျေးရွာက NLD ပါတီဝင် ဦးဝင်းအောင်မိုး၊ ဦးငြိမ်းချမ်းမင်းနဲ့ မသော်မီမီဝင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲ ဆည်ရွာက NLD ပါတီဝင် ဦးကျော်ဝင်းနှင့် တောင်သာမြို့က NLD ပါတီဝင် ဦးထွန်းဇော် တို့ကို စစ်အုပ်စုနှင့် ပျူတွေက အောက်တိုဘာ(၂)ရက်နှင့် (၃)ရက်တွေမှာ စစ်ကားတွေနဲ့ လူတစုက ဧည့်စာရင်းစစ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိထဲ စီးနင်းဝင်ရောက် ဖမ်းခေါ်သွားပြီးနောက် လည်လှီး၊ ခေါင်းဖြတ် သ-တ်-ဖြတ်ကာ အလောင်းတွေကို လမ်းဘေးစွန့်ပစ် ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ညောင်ဦးနှင့် တောင်သာက NLD ပါတီဝင် ဒေသခံ ငါးဦးကို သွေးသောက်အဖွဲ့က သတ်-ဖြတ်တာလို့ မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) လက်အောက်ခံ စစ်လော်ဘီတွေက တညီတညွတ်တည်း သတင်းဖြန့်ပါတယ်။

ဒါပေမယ့် ညောင်ဦးမြို့ခံတချိုကတော့ ညောင်ဦးက NLD ပါတီဝင် လေးဦးကို စစ်အုပ်စုနှင့် ပျူစောထီးတွေက လာဖမ်းသွားပြီး သ-တ်ဖြ-တ်ပြီးတဲ့နောက် သွေးသောက်အဖွဲ့က သ-တ်တာလို့ သတင်းလွှင့်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ ညောင်ဦးမြို့နယ် စဉ့်ကူကျေးရွာက NLD ပါတီဝင် အသက်(၄၀)ကျော် အရွယ်တွေ ဖြစ်တဲ့ ဦးဝင်းအောင်မိုးနှင့် ဦးငြိမ်းချမ်းမင်း၊ အသက်(၃၀)ကျော်အရွယ် မသော်မီမီဝင်း တို့ကို အောက်တိုဘာ(၂)ရက် ညပိုင်းမှာ စစ်ကားနဲ့ ရောက်လာတဲ့ လူတစ်စုက ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ထဲဝင်မွှေ လုယက်ကာ ဖမ်းခေါ်သွားပြီးနောက် မနက်ပိုင်းမှာ ခေါင်းဖြတ် သ-တ်ထားတဲ့ အလောင်းတွေကို စဉ့်ကူတိုက်နယ် ဆေးရုံရှေ့၊ ချောက် - ညောင်ဦး ကားလမ်းဘေးမှာ စွန့်ပစ်ထားတာလို့ ဆိုပါတယ်။ ဦးဝင်းအောင်မိုးနှင့် ဦးငြိမ်းချမ်းမင်းတို့ကို ခေါင်းဖြ-တ်သ-တ်ထားပြီး ခန္ဒာကိုယ်အနှံ့ ထိုးသွင်းဒဏ်ရာတွေ တွေ့ရသလို မသော်မီမီဝင်းကိုတော့ အဓမ္မပြုကျင့် သတ်-ဖြတ် ထားတာလို့ ဆိုပါတယ်။

ဒါ့အပြင် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲ ဆည်ရွာက NLD ပါတီဝင် ဦးကျော်ဝင်း အိမ်ကိုလည်း အောက်တိုဘာ(၃)ရက် မနက်ပိုင်းမှာ စစ်အုပ်စုနှင့် ပျူတွေ ဝင်ရောက်လာပြီး ဦးကျော်ဝင်းနှင့် သမီးဖြစ်သူကို ဖမ်းခေါ်သွားကာ သမီးကို ပြန်လွှတ်ပေးပြီးနောက် ဦးကျော်ဝင်းကို ရွာအနောက်ဘက် လည်လှီး သ-တ်ထားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

တောင်သာမြို့က NLD ပါတီဝင် ဦးထွန်းဇော်ကိုလည်း စစ်အုပ်စုနှင့် ပျူတွေက အောက်တိုဘာ(၂)ရက်မှာ ဖမ်းဆီးပြီး သ-တ်ဖြ-တ်ခဲ့တယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

သူတို့ သ-တ်ဖြ-တ်လိုက်သူတွေဟာ NLD ပါတီဝင်တွေ ဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့တာ၊ စစ်အုပ်စု သစ္စာခံတချို့ကို ပြောက်ကျားတပ်ဖွဲ့တွေက ရှင်းလင်းမှုတွေမှာ ပါဝင်ပတ်သက် နေသူတွေ ဖြစ်တယ်လို့ စွပ်စွဲ သတင်းဖြန့်ပါတယ်။

စစ်လော်ဘီတွေက လွန်ခဲ့တဲ့ (၄)နာရီကျော်ကမှ Bagan Nyaung U Thway Thout အမည် ပြောင်းထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကို ညွှန်ဆိုပြီး ညောင်ဦးနဲ့ ငါ့သရောက်က NLD ပါတီဝင်တွေ သ-တ်ဖြ-တ်မှုကို ပုဂံ ညောင်ဦး သွေးသောက်အဖွဲ့က လုပ်ဆောင်တာ ဖြစ်ကြောင်းနှင့် တောင်သာမြို့က NLD ပါတီဝင် သ-တ်ဖြ-တ်မှုကိုတော့ ကျောက်ပန်းတောင်း သွေးသောက်အဖွဲ့က လုပ်ဆောင်တာဖြစ်တယ်လို့ ဖော်ပြပါတယ်။

စစ်လော်ဘီတွေ ညွှန်းတဲ့ ပုဂံ ညောင်ဦး သွေးသောက်အဖွဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ ၂၀၂၂ ဖေဖော်ဝါရီ (၉) ရက်မှာ Bagan Hero’s နာမည်နဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး ဇွန်(၇) ရက်မှာ Thu Kha San အမည် ပြောင်းလဲကာ ဒီနေ့ အောက်တိုဘာ(၄)ရက် မနက်ပိုင်းမှာတော့ Bagan Nyaung U Thway Thout ဆိုတဲ့ နာမည်ကို ထပ်မံ ပြောင်းလဲထားတာ ဖြစ်ပါတယ်။

သင်္ကြန်ကာလကတည်း မန္တလေးခရိုင်နဲ့ ကျောက်ဆည်ခရိုင်က NLD ပါတီဝင် (၁၅)ဦးထက်မနည်းကို စစ်အုပ်စုက ဖမ်းဆီး သ-တ်ဖြ-တ်ကာ အလောင်းတွေကို လမ်းဘေး စွန့်ပစ်ခဲ့ပြီးနောက် သွေးသောက်အဖွဲ့က လုပ်ဆောင်တာ ဖြစ်တယ်လို့ သတင်းဖြန့်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ညောင်ဦး #တောင်သာ #NLD #သွေးသောက်အဖွဲ့ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ