မန္တလေးက အမျိုးသမီးတစ်ဦးကို ဖေ့စ်ဘွတ်ခ်မှာ ကွန်မန့်ရေးလို့ဆိုပြီး ဖက်ဆစ်တပ်က အနိုင်ကျင့် ဖမ်းဆီး၊

မန္တလေးက အမျိုးသမီးတစ်ဦးကို ဖေ့စ်ဘွတ်ခ်မှာ ကွန်မန့်ရေးလို့ဆိုပြီး ဖက်ဆစ်တပ်က အနိုင်ကျင့် ဖမ်းဆီး၊

MFP ၊ သြဂုတ် - ၂၆

မန္တလေးမြို့က အမျိုးသမီးတစ်ဦးကို ဖေ့စ်ဘွတ်ခ်မှာ ကွန်မန့်ရေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်း ဖက်ဆစ်တပ်က အနိုင်ကျင့် ဖမ်းဆီးထားကြောင်း သတင်းရရှိတယ်။

မန္တလေးမြို့နေ မလင်းခေတ် ဆိုတဲ့ အမည်နဲ့ ဖေ့စ်ဘွတ်ခ်သုံးတဲ့ အမျိုးသမီးကို ဖမ်းဆီးထားတယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပြီး အသေးစိတ် အခြေအနေတွေကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

“သပြေညိုသတင်းလွာ Post အောက်မှာ အကြမ်းဖက်တွေကို အားပေးအားမြှောက် ထောက်ခံနေတဲ့ အွန်ချောင်ကောင်မ Save “ဆိုပြီး မန္တလေး နန်းတွင်း အခြေစိုက် လပခ လက်အောက်ခံ စစ်လော်ဘီတွေရဲ့ တယ်လီဂရန် ချန်နယ်ကနေ သတင်း ဖြန့်ပါတယ်။

ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာ အမည်၊ နေရပ်လိပ်စာ အတိအကျနဲ့ သုံးစွဲသူတွေရဲ့ ကွန်မန့်တွေ၊ ပို့စ်တွေကို ဖက်ဆစ်တပ်က စောင့်ကြည့်ပြီး အနိုင်ကျင့် ဖမ်းဆီးတာ၊ ငွေညှစ်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ဖေ့စ်ဘွတ်အပါအဝင် လူမှုကွန်ယက်တွေမှာ ဖော်ပြမိတဲ့ စာတွေ၊ ပုံတွေကြောင့် ဖက်ဆစ်တပ်ရဲ့ ဥပဒေမဲ့ ရန်ပြုဖမ်းဆီး ငွေညှစ်ခံရပြီး ထောင်ချခံရသူတွေပါ ရှိနေတာကြောင့် အများပြည်သူ အနေနဲ့ ဖေ့စ်ဘွတ် အပါအဝင် လူမှုကွန်ယက်တွေကို သတိထား သုံးစွဲကြဖို့ မန္တလေးမြို့ခံတွေက အချင်းချင်း သတိပေးနေပါတယ်။

ဖေ့စ်ဘွတ်ခ်မှာ ကွန့်မန့်ရေးလို့ ဆိုပြီး ဖက်ဆစ်တပ်ရဲ့ အနိုင်ကျင့် ဖမ်းဆီးခံလိုက်ရတဲ့ မန္တလေးမြို့က အမျိုးသမီးတစ်ဦး/Photo – S

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဖေ့စ်ဘွတ်ခ် #ပြည်သူ #အမျိုးသမီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ