ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ ရဲဘော်တွေ ယူနီဖောင်း ဝတ်ဆင်နိုင်ပြီလို့ ပုလဲ Royal Eagle PDF ထုတ်ပြန်၊

ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ ရဲဘော်တွေ ယူနီဖောင်း ဝတ်ဆင်နိုင်ပြီလို့ ပုလဲ Royal Eagle PDF ထုတ်ပြန်၊

MFP ၊ သြဂုတ် - ၂

လက်နက်ကိုင် တိုက်ပွဲဝင်နေတာ တစ်‌နှစ်ကျော်ကြာချိန်မှာတော့ မိဘပြည်သူတွေရဲ့ ကူညီထောက်ပံ့ လှူဒါန်းမှုတွေနဲ့ တပ်ရင်းက ရဲဘော်တွေကို ယူနီဖောင်း ဆင်ပေးနိုင်ပြီလို့ ပုလဲမြို့နယ် PDF တပ်ရင်း (၁)၊

(ခရိုင်အမှတ် - ၇) Royal Eagle People Defense Force – Pale က သတင်း ထုတ်ပြန်ပါတယ်။

May be an image of 1 person

“လက်နက်ကိုင်တော်လှန်‌ရေး တစ်‌နှစ်ကျော်ကြာခဲ့ပြီးနောက် မိဘပြည်သူများရဲ့ ကူညီထောက်ပံ့လှူဒါန်းမှုဖြင့် ကျွန်တော်တို့ Royal Eagle PDF ရဲဘော်များအား ယူနီဖောင်းလေး တပ်ဆင်ပေးနိုင်ခဲ့ပါပြီ။ နွေဦးတော်လှန်ရေး၏ အသက်သွေးကြော ဖြစ်သည့် ကူညီပံ့ပိုးပေးနေသော ထောက်ပို့ ရဲဘော်များ အားလုံးကို အထူး ကျေးဇူးတင်ရှိပါသည်။ နွေဦးတော်လှန်ရေး အောင်မြင်သည်ထိ ဆက်လက် တိုက်ပွဲဝင်သွားပါမည်ဟု သစွာအဓိဌာန် ပြုပါသည်” လို့ ပုလဲ Royal Eagle PDF က ဖော်ပြပါတယ်။

May be an image of 7 people, people standing, military uniform and outdoors

Royal Eagle People Defense Force – Pale ခေါ် ပုလဲမြို့နယ် PDF တပ်ရင်း (၁)၊ (ခရိုင်အမှတ် - ၇) ဟာ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်လည်ပိုင်းကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး ပုလဲနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုလဲ #RoyalEagle #ယူနီဖောင်း #PDF #ရဲဘော်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ