တရုတ်အကျိုးစီးပွား ကာကွယ်ဖို့ ကင်းစောင့်ရတဲ့ ဖက်ဆစ်တပ်သားတွေ မူးရူးသောင်းကျန်းလို့ ဒေသခံ (၂၀၀၀)ကျော် ထွက်ပြေးရ၊

တရုတ်အကျိုးစီးပွား ကာကွယ်ဖို့ ကင်းစောင့်ရတဲ့ ဖက်ဆစ်တပ်သားတွေ မူးရူးသောင်းကျန်းလို့ ဒေသခံ (၂၀၀၀)ကျော် ထွက်ပြေးရ၊

MFP ၊ သြဂုတ် - ၂၅

စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ်၊ ရွှေတောင်ဦးကုန်းနှင့် ဝမ်ပေါင်လမ်းဆုံကြား ဒီနေ့ မနက်ပိုင်း ကင်းစောင့်ဖို့ ရောက်လာတဲ့ ဖက်ဆစ်တပ်သားတွေ မူးရူးပြီး ပစ်ခတ်သောင်းကျန်း နေတာကြောင့် ကားလမ်းဘေးမှာ နေထိုင်ကြတဲ့ ဒေသခံ ပြည်သူ (၂၀၀၀)ကျော် ထွက်ပြေးနေရတယ်လို့ သတင်း ရရှိပါတယ်။

ဒီနေ့ သြဂုတ်(၂၅)ရက် မနက်ပိုင်းမှာ တရုတ်ဝမ်ပေါင် ကုမ္ပဏီရဲ့ ကြေးနီသယ်ကားတွေကို ကင်းစောင့်ပေးဖို့ ရောက်လာတဲ့ ဖက်ဆစ်တပ်သားတွေ မူးရူးသောင်းကျန်း နေတာကြောင့် ဒေသခံ ပြည်သူတွေ ထွက်ပြေးနေရတာလို့ ဒေသခံ တော်လှန်ရေး လူငယ်အဖွဲ့ - RYG က ဆိုပါတယ်။

“မနက်(၇)နာရီ ဝန်းကျင်မှ စတင်ကာ ယင်းမာပင်မြို့နယ် ရွှေတောင်ဦး အောင်ဇေယျမြို့သစ် အကျိုးကုန်းမှ စခ များနှင့် ရဲတပ်ရင်း(၂၈)မှ ရခများ အပါအဝင် ချင်းတွင်းတံတားမှ ဖြတ်ကျော်လာသော စခ သံပြားကာ ကားနှစ်စီးတို့ဟာ ရွှေတောင်ဦးကုန်းမှ စတင်ပြီး ဝမ်ပေါင်လမ်းဆုံ အထိ နေရာအနှံ့ ကင်းများချကာ အရက်သေစာ မူးရစ်ရမ်းကား အော်ဟစ်ဆဲဆိုကာ သေနတ်များ ပစ်ဖောက်ခြောက်လှန့်မှုကြောင့် လမ်းဘေးဝဲယာ ဒေသခံ ပြည်သူ(၂၀၀၀)ကျော် နေအိမ်များကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်” လို့ RYG က ဖော်ပြပါတယ်။

May be an image of 5 people, motorcycle, tree and road

အဲ့ဒီနောက် ဖက်ဆစ်တပ်သားတချို့ဟာ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာထဲ ဝင်မွှေလုယက် သောင်းကျန်းပြီး နေအိမ်နှစ်လုံး မီးရှို့ဖျက်ဆီးကာ ကံကုန်းရွာ ဘုန်းကြီးကျောင်းထဲ စီးနင်း အထိုင်ချနေတယ်လို့ ဆိုပါတယ်။

May be an image of 4 people, bicycle, motorcycle, tree and road

May be an image of 3 people, child, tree and outdoors

တရုတ်နဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွား ကားကွယ်ပေးနေရတဲ့ လက်ပံတောင်းဒေသက ဖက်ဆစ်တပ်သားတွေဟာ ပြီးခဲ့တဲ့ လပိုင်းကလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ရွာတွေကို ဝင်မွှေလုယက် သောင်းကျန်းပြီး ဒေသခံ ပြည်သူတချို့ကို သ-တ်-ဖြတ်ကာ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပါသေးတယ်။

May be an image of 7 people, tree and outdoors

တရုတ်အကျိုးစီးပွား ကာကွယ်ဖို့ ကင်းစောင့်ပေးနေရတဲ့ ဖက်ဆစ်တပ်သားတွေ မူးရူးသောင်းကျန်းနေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးနေရစဉ်/Photo – RYG

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #လက်ပံတောင်း #တရုတ် #ဝမ်ပေါင် #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ