တန့်ဆည် ဗျက်ကြီးရွာကို လာဝိုင်းတဲ့ ပျူတွေနှင့် တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်၊ ပျူ (၁၀)ယောက် သေ ဟုဆို၊

တန့်ဆည် ဗျက်ကြီးရွာကို လာဝိုင်းတဲ့ ပျူတွေနှင့် တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်၊ ပျူ (၁၀)ယောက် သေ ဟုဆို၊

MFP ၊ သြဂုတ် - ၄

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဗျက်ကြီးကျေးရွာကို လုယက် ဓားပြတိုက် သောင်းကျန်းဖို့ လာဝိုင်းတဲ့ စစ်ကောင်စီ လက်ပါးစေ ပျူတွေနှင့် ဒေသကာကွယ်ရေးတပ်တွေ မနေ့က ညပိုင်းက တစ်နာရီခွဲကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပျူ (၁၀)ယောက် သေတယ်လို့ တန့်ဆည် ဒေသ ကာကွယ်ရေးတပ်တွေက သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၄)ရက် ဒီနေ့ မနက်(၁)နာရီဝန်းကျင်မှာ ဗျက်ကြီးရွာကို ဝိုင်းထားတဲ့ စစ်ကောင်စီ လက်ပါးစေ ပျူတွေနှင့် ဒေသကာကွယ်ရေးတပ်တွေ ဖြစ်တဲ့ Guerrilla Warfare - KPK၊ TSR၊ Taze Tiger ၊ PLA၊ TCRF PLA၊ PRLF၊ တပ်ရင်း (၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၈)၊ တပ်ရင်း (၆)၊ ပကဖ နှင့် ပလဖ ပူးေပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ဗျက်ကြီးရွာသို့ ဝိုင်းထားသော ပျူခွေးများကို ပူးပေါင်းအဖွဲ့များမှ ကင်းပုန်းများကို ရှာဖွေပစ်ခတ်နေချိန် ပျူခွေး စစ်ကူများပါ ရောက်ရှိလာပြီး တိုက်ပွဲအချိန် တစ်နာရီခွဲထိ ကြာမြ့င်ခဲ့သည်။ ပျူခွေးများ အကျဆုံး များနိုင်ဟု သိရှိရသည်။ ပြည်သူ့ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့ပါသည်” လို့ Guerrilla Warfare – KPK PDF က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ပွဲဖြစ်စဉ်မှာ ပျူ (၁၀)ယောက် သေပြီး ဒိနေ့ မနက်ပိုင်းမှာ ပျူတွေက လှည်းနှစ်စီးနဲ့ အလောင်းတွေ လာကောက်သွားတယ်လို့ ဆိုပါတယ်။

တန့်ဆည်နယ် အင်္ကုက္ကားရွာ အပါအဝင် တန့်ဆည်နယ်ထဲက ရွာတချို့က အာဏာသိမ်း စစ်အုပ်စုက ဒေသခံတွေကို အကြမ်းဖက်နည်း သင်တန်းတွေပေး၊ လက်နက်တွေ ထုတ်ပေးကာ ပျူတွေအဖြစ် လက်သပ်မွေးထားပြီး ဒေသတွင်း ရွာစဉ်ပတ်မွှေ လုယက်၊ ဓားပြတိုက် သောင်းကျန်းရာမှာ အဲ့ဒီ ပျူတွေကို ဝေစုခွဲပေးပြီး သောင်းကျန်းနေတာလို့ ဒေသခံတွေက ပြောပါတယ်.

အင်္ကုက္ကားရွာက ပျူတွေနှင့် ဒေသကာကွယ်ရေး တပ်တွေကြားလည်း မကြာခဏ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

Taze Tiger PDF တပ်ဖွဲ့ဝင် ရဲဘော်တချို့/Photo – Taze Tiger

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #PDF #တိုက်ပွဲ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ