မန္တလေးမြို့ပေါ်မှာ စစ်ကားတန်းနဲ့ အချုပ်ကား နှစ်နေရာ ဖောက်ခွဲတိုက်ခိုက်ခံရ၊ ထိခိုက်မှုရှိပြီး စစ်အုပ်စုက သောင်းကျန်းရမ်းကား ပစ်ခတ်နေ၊

မန္တလေးမြို့ပေါ်မှာ စစ်ကားတန်းနဲ့ အချုပ်ကား နှစ်နေရာ ဖောက်ခွဲတိုက်ခိုက်ခံရ၊ ထိခိုက်မှုရှိပြီး စစ်အုပ်စုက သောင်းကျန်းရမ်းကား ပစ်ခတ်နေ၊

MFP ၊ နိုဝင်ဘာ - ၁

မန္တလေးမြို့မှာ ဒီနေ့ နိုဝင်ဘာ (၁) ရက် မနက်(၆)နာရီနှင့် (၉)နာရီဝန်းကျင်တွေမှာ စစ်အုပ်စုရဲ့ ကားတန်းနဲ့ အချုပ်ကားတွေ နှစ်နေရာမှာ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်အုပ်စု သောင်းကျန်းရမ်းကား ပစ်ခတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီမနက် (၆)နာရီခွဲက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၁၂)လမ်းနဲ့ (၈၈)လမ်းထောင့်မှာ မြို့အနံ့လှည့်ကာ ပြည်သူကို ရန်ပြုသောင်းကျန်းနေတဲ့ စစ်အုပ်စု အင်အား (၃၀)လောက်ပါတဲ့ Double Cup တစ်စီး၊ Faw ကားတစ်စီးနဲ့ ရဲကားတစ်စီးကို ပဒေသာမိုင်း သုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စခနဲ့ ရခ အများအပြား ထိခိုက်သေဆုံးနိုင်ကာ ကားနှစ်စီး ရပ်တန့်ပျက်စီးသွားတယ်လို့ GZP (Mandalay) က ထုတ်ပြန်ပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို GZP(Mandalay)၊ ပုသိမ်ကြီးမြို့နယ် (ပကဖ)၊ G 6 Star ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

"အုံးခံရသည့်ကားကို အရှေ့မှ စခကားဖြင့် ကွယ်ထားပြီး အင်အား အများအပြား ရောက်နေသောကြောင့် ခွေးအထိခိုက်ကို မသိရသေးပါ"လို့ မန္တလေး မြေပြင်ကင်းထောက် Vomdy က ဖော်ပြပါတယ်။

ဒါ့အပြင် ဒီမနက် (၉)နာရီခွဲဝန်းကျင်မှာလည်း မန္တလေးမြို့၊ (၇၈)လမ်းနဲ့ (၄၂)ခုံးကျော်တံတား၊ စစ်အုပ်စု အမှတ် (၁၁) ရဲစခန်းအနီးမှာ ပေါက်ကွဲသံ အကျယ်ကြီး ကြားခဲ့ရပြီးနောက် သေနတ်ပစ်ခတ်သံတွေ ဆက်တိုက် ကြားခဲ့ရတယ်လို့ Vomdy က ဖော်ပြထားပါတယ်။

"အမှတ်(၁၁)ရဲစခန်းနားရှိ အချုပ်ကား ဗုံးထုခံရကြောင်း သိရှိရသည်။ အချုပ်ကားမောင်း နှစ်ယောက်နှင့် နောက်လိုက် ဆိုင်ကယ် အရပ်ဝတ် တစ်ယောက် ထိခိုက်ကာ လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ ငရဲရောက်မရောက် မသိရှိရသေးပေ။ ယခု စခကားတစ်စီး ရောက်လာပြီး ခွေးအကောင် (၃၀)ဖြင့် လမ်းကြားထဲ ပတ်ရှာနေကြောင်း သိရ။ လာတဲ့သူမှန်သမျှကို ပစ်လွှတ်နေပြီး စခများဖက်က ကောင်မလေးတွေကို အဓိကထား လိုက်ရှာနေ" လို့ Vomdy က ဆိုပါတယ်။

အမှတ်(၁၁)စခန်းအနီး ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် ဒီမနက်ပိုင်း မန္တလေးမြို့သစ် (၅၅)လမ်းနဲ့ မနော်ဟရီလမ်းထောင့် ယာဉ်ထိန်းရုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ချိတ်ဆွဲခဲ့ပြီး စစ်ကောင်စီ သစ္စာခံ အရပ်ဝတ်လက်နက်ကိုင်တွေ လာဖြုတ်တဲ့အချိန် ဖောက်ခွဲခဲ့ပေမယ့် ပစ္စည်း Error ဖြစ်ပြီးတော့ မကွဲခဲ့ဘူးလို့လည်း Voice of Mandalay က ဖော်ပြထားပါတယ်။

မန္တလေးမှာ စစ်အုပ်စုက ပြည်သူကို ဥပဒေမဲံ ထင်တိုင်းကျဲ ဖမ်းဆီးသတ်ဖြတ်နေသလို စစ်အုပ်စုနဲ့ ဆက်စပ်တဲ့ နေရာတွေကိုလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မန္တလေး အမှတ်(၁၁)ရဲစခန်းရှေ့မှာ စစ်အုပ်စုက အကာအရံတွေလုပ်ထားစဉ်/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပေါက်ကွဲမှု #စကစယာဉ်တန်း #အမှတ်(၁၁)ရဲစခန်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ