ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး မုံရွာမြို့မှာ လူငယ်တွေ ချီတက်ဆန္ဒပြ၊

ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး မုံရွာမြို့မှာ လူငယ်တွေ ချီတက်ဆန္ဒပြ၊

MFP ၊ အောက်တိုဘာ - ၂

အာဏာသိမ်း ဖက်ဆစ်တပ်က ကလေး၊ လူကြီးမရွေး ပြည်သူကို ထင်တိုင်းကျဲ သတ်-ဖြတ်နေတဲ့အပေါ် နိုင်ငံတကာက အရေးယူပေးဖို့နဲ့ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေးအတွက် မုံရွာလူငယ်များစည်းရုံး၊ မုံရွာ အခြေခံပညာ ကျောင်းသားများသမဂ္ဂနှင့် မုံရွာတော်လှန် လူငယ်များ ကွန်ယှက်တို့ ပူးပေါင်းပြီး မုံရွာမြို့မှာ ဒီမနက်ပိုင်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

“မြန်မာနိုင်ငံ တစ်ဝှမ်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်မှုကြောင့် သေဆုံးခဲ့ရသည့် ကလေးသူငယ်များနှင့် ပြည်သူအများ အသက်ဆုံးရှုံးခဲ့ရမှုအပေါ် နိုင်ငံတကာ အနေဖြင့် ဒီတိုင်း ကြည့်မနေသင့်ကြောင်း၊ မြန်မာ့လူမျိူးများ ခံစားနေရသည့် အကြမ်းဖက်စစ်ကောင်စီး၏ မတရား အနိုင်ကျင့်ဖိနှိပ်မှုအပေါ် ထိထိရောက်ရောက် အရေးယူပေးပါရန် မုံရွာသပိတ်လူငယ်များက တောင်းဆိုအပ်ပါသည်” လို့ မုံရွာ လူငယ်များ အစည်းအရုံးက ဖော်ပြပါတယ်။

“ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ ဖြစ်စဉ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကလေးသူငယ်များ အသက်ဆုံးရှုံးမှုအပေါ် နိုင်ငံတကာအနေဖြင့် တရားမျှတအောင် ဆောင်ရွက်စေလိုပါသည်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့်တစ်ခြား သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကြမ်းဖက်စစ်ကောင်သည် ပြည်သူတို့၏ အိုးအိမ်စည်းစိမ်ကို မီးရှို့ဖျက်ဆီးလျှက်ရှိပြီး လူ့အခွင့်အရေးကို များစွာ ချိုးဖောက်နေသည့် အပေါ် များစွာ စိတ်မကောင်းဖြစ်ရပါသည်” လို့လည်း မုံရွာ လူငယ်များ အစည်းအရုံးက ဖော်ပြပါတယ်။

ဖက်ဆစ်တပ်က ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်-ဖြတ်နေတဲ့ကြားက မုံရွာမြို့မှာ လူငယ်တွေ ဆက်လက်ပြီး လမ်းပေါ်တက် ငြိမ်းချမ်းစွာ ဆန္ဒပြနေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #လူငယ် #ကျောင်းသား #သပိတ် #ချီတက်ဆန္ဒပြ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ