ပခုက္ကူတံတား စကစဂိတ်ကို တိုက်ခိုက်မှု စကစ သုံးယောက်သေ၊ သေနတ်နှစ်လက် သိမ်းပိုက်ရရှိ၊ ရဲဘော်နှစ်ဦးနှင့် ရဲမေတစ်ဦးက စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တစ်လကြာ အချိန်ယူ ပြင်ဆင်ခဲ့ဟုဆို၊

ပခုက္ကူတံတား စကစဂိတ်ကို တိုက်ခိုက်မှု စကစ သုံးယောက်သေ၊ သေနတ်နှစ်လက် သိမ်းပိုက်ရရှိ၊ ရဲဘော်နှစ်ဦးနှင့် ရဲမေတစ်ဦးက စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တစ်လကြာ အချိန်ယူ ပြင်ဆင်ခဲ့ဟုဆို၊

MFP ၊ စက်တင်ဘာ - ၅

မကွေးတိုင်း ပခုက္ကူမြို့ ပခုက္ကူတံတားမှာ စစ်ဆေးရေးဂိတ် ဖွင့်ပြီး ပြည်သူကို ဖမ်းဆီးငွေညှစ် ရန်ပြု သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မနေ့က နေ့လည်ပိုင်းမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သေနတ်နှစ်လက် သိမ်းယူ ရရှိခဲ့တယ်လို့ ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၄)ရက် နေ့လည်ပိုင်းက ပခုက္ကူမြို့ ဧရာဝတီတံတား တောင်ဘက်က စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်ဒီး၊ ရဲဘော်ဂျွန်ဖောနှင့် ရဲမေပူတူး တို့က စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရဲဘော်ဒီး၊ ရဲဘော်ဂျွန်ဖောနှင့် ရဲမေပူတူး တို့၏ တော်လှန်စိတ်ပြင်းထန်မှု၊ ရဲဘော်တွေအား မောင်းပြန်ကိုင်စေလိုသော စိတ်ဖြင့် အသက်ကိုရင်းသော စွန့်လွှတ်အနစ်နာခံမှု ၊ တစ်ချက်ပစ်ပြီးနောက် ကျည်ညှပ်နေသော ကြားထဲကနေ ခွေးသေနတ်အား မရမက ကောက်ပြေးသော ရဲရင့်မှု၊ တစ်လကျော်ကြာအချိန်ယူ ပြင်ဆင်ပြီး ပြုလုပ်သော ဇွဲလုံလပြည့်ဝမှု တို့အား သတင်းအပြည့်အစုံမတင်မီ ဤ post ဖြင့် ဦးစွာ ဂုဏ်ပြုရေးသားအပ်ပါသည်။ မိဘပြည်သူများရဲ့ မေတ္တာကြောင့် ၈/ အညာသားကြီး နှစ်ယောက်ရော အညာသူလေးရော ဘေးကင်းစွာဖြင့် စခန်းသို့ ပြန်ရောက်ပါပြီခင်ဗျ” လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့- (တပ်ဖွဲ့-၂) က ဖော်ပြပါတယ်။

ပခုက္ကူမြို့ ဧရာဝတီတံတား တောင်ဘက်ခြမ်းက စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုကြောင့် စကစ သုံးယောက် သေတယ်လို့ ဒေသခံသတင်းရင်စမြစ်တွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ပခုက္ကူ #တံတား #ပခုက္ကူမြို့ပြပြောက်ကျား 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ