မြင်းခြံ-မြို့သာလမ်းဘေးမှာ လက်လုပ်ကားမိုင်းတွေ တွေ့တယ်လို့ စစ်အုပ်စု သတင်းဖြန့်

မြင်းခြံ-မြို့သာလမ်းဘေးမှာ လက်လုပ်ကားမိုင်းတွေ တွေ့တယ်လို့ စစ်အုပ်စု သတင်းဖြန့်

MFP ၊ ဩဂုတ် - ၂၂



မန္တလေးတိုင်း မြင်းခြံ-မြို့သာ ကားလမ်းဘေးမှာ လက်လုပ်ကားမိုင်းတွေ မနေ့က တွေ့ခဲ့တယ်လို့ စစ်အုပ်စု လော်ဘီတွေဘက်က သတင်းဖြန့်ပါတယ်။



ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာအနီးက လမ်းဘေးခြံထဲမှာ မသင်္ကာဖွယ် ဝါယာကြိုးစတွေတွေ့လို့ ဒေသခံတစ်ယောက်က သတင်းပို့တဲ့အတွက် ကွန်ကရစ်နဲ့ ပြုလုပ်ထားတဲ့ ကားမိုင်း ငါးလုံး တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။



အဲဒီကားမိုင်းတွေကို ဆိုင်ကယ်ဘတ္ထရီတစ်လုံးနဲ့ ချိတ်ဆက်ထားပြီး အဝေးထိိန်းစနစ်နဲ့ ဖောက်ခွဲဖို့ ပြင်ဆင်ထားတဲ့အကြောင်း စစ်အုပ်စုလော်ဘီတွေက ဖော်ပြထားပါတယ်။



မြို့သာဝန်းကျင်ဟာ စစ်အုပ်စုကို မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာ ဖြစ်ပါတယ်။



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြို့သာ #ကားမိုင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ