ကျောက်ဆည် သေမင်းတမန်ပြောက်ကျားတပ်ဖွဲ့က ဦးဆောင်သူအပါအဝင် လေးဦး ဖမ်းဆီးခံထားရပြီး အသ-တ်ခံရဟု သတင်းထွက်ပေါ်

ကျောက်ဆည် သေမင်းတမန်ပြောက်ကျားတပ်ဖွဲ့က ဦးဆောင်သူအပါအဝင် လေးဦး ဖမ်းဆီးခံထားရပြီး အသ-တ်ခံရဟု သတင်းထွက်ပေါ်

MFP ၊ ဩဂုတ် - ၁၉

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်ထဲမှာ သတင်းပေးရှင်းလင်းရေးကို အဓိကလုပ်ဆောင်ခဲ့တဲ့ ကျောက်ဆည် သေမင်းတမန် ပြောက်ကျားတပ်ဖွဲ့ရဲ့ ဦးဆောင်သူ ဗိုလ်တိုက်ချွမ်း အပါအဝင် ရဲဘော်လေးဦးကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် (၂၉) ရက်နေ့က မင်းစုရွာနားက ထမင်းဆိုင်တစ်ခုမှာ ရဲကားနှစ်စီးနဲ့ လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“ တစ်ယောက်ကအရင်မိတာပါ၊ ဖော်ကောင်လုပ်တာတွေကြောင့် နောက်ထပ် လေးယောက်ဖမ်းဆီးခံခဲ့ရတာပါ၊ ဖမ်းမိတာ လက်နက်မပါ ပါဘူး “ လို့ နီးစပ်သူတစ်ယောက်က MFP ကို ပြောပြပါတယ်။

သူတို့ကို ဖမ်းဆီးပြီးနောက် နောက်ဆက်တွဲသတင်းတွေကို စစ်အုပ်စုဘက်က အမှောင်ချထားပြီး ဩဂုတ်လ (၆)ရက် ညပိုင်းမှာ ဗိုလ်တောက်ချွမ်းကို စစ်အုပ်စုဘက်က သ-တ်ဖြ-တ်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပြီး MFP အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

သေမင်းတမန် ပြောက်ကျားတပ်ဖွဲ့ဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို လူမှုကွန်ရက်ပေါ် ချပြလေ့မရှိသလို လက်ရှိမှာ သူတို့အသုံးပြုတဲ့ Page ကလည်း ပျက်နေတယ်လို့ နီးစပ်သူက ဆက်လက်ရှင်းပြပါတယ်။

ကျောက်ဆည်နယ်ထဲမှာ သေမင်းမှတ်တမ်းဆိုတဲ့နာမည်နဲ့ သတင်းပေးရှင်းလင်းရေးအဖွဲ့တစ်ခုလည်း ရှိပြီး သေမင်းတမန်နဲ့ သေမင်းမှတ်တမ်း အဖွဲ့နှစ်ခုက အတူတူပဲလားဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။

သေမင်းမှတ်တမ်းအဖွဲ့ဟာ သူတို့ရဲ့လှုပ်ရှားမှုတွေကို လူမှုကွန်ရက်ကတစ်ဆင့် အသိပေးလေ့ရှိပြီး ဒီနှစ် ဖေဖော်ဝါရီလကစပြီး နောက်ထပ် ရေးသားထားတာ မရှိတော့ပါဘူး။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျောက်ဆည် #ပြောက်ကျားတပ်ဖွဲ့ #သတင်းပေးရှင်းလင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ