မန္တလေး မဟာမြိုင်ထဲက ကမ္ဘောဇဘဏ်နှင့် စစ်အုပ်စု ဂိတ်တဲ ဖောက်ခွဲတိုက်ခိုက်ခံရ၊

မန္တလေး မဟာမြိုင်ထဲက ကမ္ဘောဇဘဏ်နှင့် စစ်အုပ်စု ဂိတ်တဲ ဖောက်ခွဲတိုက်ခိုက်ခံရ၊

MFP ၊ စက်တင်ဘာ - ၂၆

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက်ထဲက ကမ္ဘောဇဘဏ်နှင့် ဘဏ်အနီးမှာ ရှိတဲ့ စစ်အုပ်စု ဂိတ်တဲ ဒီမနက်ပိုင်း ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရပြီး ဘဏ်အနီးက မီးစက်တစ်လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ(၂၆)ရက် မနက်(၉)နာရီခွဲက မဟာအောင်မြေမြို့နယ်၊ ၆၆(A)လမ်း၊ (၄၄)လမ်းနဲ့ သိပ္ပံလမ်းကြားက ကမ္ဘောဇ ဘဏ်ခွဲ(၁၉)နှင့် ဘဏ်အနီးမှာ တဲထိုးပြီး ဂိတ်ဖွင့်ထားတဲ့ စကစတွေ ဖောက်ခွဲ တိုက်ခိုက်ခံရတာ ဖြစ်ပြီး ဘဏ်ရဲ့ အနောက်ဖက် မီးစက်အနီးမှာ ပေါက်ကွဲခဲ့ကာ မီးစက် မီးလောင် ပျက်စီးတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှု ပြင်းထန်ပြီး အနီးဝန်းကျင် ရပ်ကွက်တွေထဲ အိမ်တွေပါ တုန်ခါခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စကစတွေ အထိအခိုက် ရှိ။မရှိကိုတော့ မသိရသေးပါဘူး။

ကမ္ဘောဇဘဏ်ဟာ စစ်အုပ်စုနှင့် ပေါင်းပြီး ပြည်သူတွေကို ဒုက္ခပေးနေကာ ဘဏ်အကောင့်တွေ၊ K-pay အကောင့်တွေ ပိတ်သိမ်းတာတွေ ဆက်တိုက်လုပ်ဆောင်နေသလို ပြည်သူတွေကို စစ်အုပ်စုက အလွယ်တကူ ဖမ်းဆီး သ-တ်ဖြတ်နိုင်အောင် ဘဏ်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ကမ္ဘောဇဘဏ်က စစ်အုပ်စုထံ ထုတ်ပေးနေတာ ဖြစ်ပါတယ်။

ဒီမနက် ဖောက်ခွဲ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဘယ်အဖွဲ့က တိုက်ခိုက်တယ် ဆိုတာတော့ မသိရသေးပါဘူး။

စစ်အုပ်စုကလည်း မန္တလေးမြို့အနှံ့ လမ်းတွေ၊ ရပ်ကွက်တွေမှာ ဂိတ်တွေ ဖွင့်ပြီး ပြည်သူကို ဖမ်းဆီးတာ၊ ငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ စိတ်ထင်တိုင်း ပစ်ခတ် သတ်-ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုက ပြည်သူတွေကို အလွယ်တကူ ဖမ်းဆီး သတ်-ဖြတ်နိုင်အောင် ဘဏ်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စစ်အုပ်စုထံ ထုတ်ပေးနေတဲ့ ကမ္ဘောဇဘဏ်ရဲ့ မန္တလေးမြို့ပေါ် ဘဏ်ခွဲတစ်ခု တိုက်ခိုက်ခံရစဉ်/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကမ္ဘောဇဘဏ် #မိုင်း #မဟာမြိုင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ