ရွာသာကြီးမှာ ပြည်သူ (၁၀၀)ခန့် ဖမ်းခံထားရပြီး စစ်အုပ်စုက ထင်တိုင်းကျဲ လုယက် အကြမ်းဖက် သောင်းကျန်းနေ၊ ယခု ညပိုင်းအထိ လက်နက်ကြီးနဲ့ ထုနေလို့ အနီးဝန်းကျင် ရွာတွေပါ ထွက်ပြေးနေရ၊

ရွာသာကြီးမှာ ပြည်သူ (၁၀၀)ခန့် ဖမ်းခံထားရပြီး စစ်အုပ်စုက ထင်တိုင်းကျဲ လုယက် အကြမ်းဖက် သောင်းကျန်းနေ၊ ယခု ညပိုင်းအထိ လက်နက်ကြီးနဲ့ ထုနေလို့ အနီးဝန်းကျင် ရွာတွေပါ ထွက်ပြေးနေရ၊

MFP ၊ စက်တင်ဘာ - ၂၅

မန္တလေး - ရွှေဘို - မုံရွာ လမ်းဆုံရှိ၊ ဝက်လက်မြို့နယ်က စည်ပင်ဖွံ့ဖြိုးတဲ့ ရွာသာကြီးရွာထဲကို ဒီမနက် (၅)နာရီကျော်က စတင်ကာ စစ်အုပ်စုက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ စီးနင်း ဝင်မွှေ ဓားပြတိုက် သောင်းကျန်းနေပြီး ဒေသခံပြည်သူ (၁၀၀)နီးပါးကို ဖမ်းဆီးထားသလို ကျေးရွာထဲက နေအိမ်တွေကိုလည်း မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ(၂၅)ရက် မနက်(၅)နာရီကျော်က စတင်ကာ စစ်အုပ်စုက ဝက်လက်မြို့နယ် လှတောရွာ ဘက်ကနေ ရွာသာကြီးရွာထဲ လက်နက်ကြီးနဲ့ထုကာ ရုတ်တရက် ဝင်ရောက် စီးနင်းတာဖြစ်ပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ ဆိုပါတယ်။

“အဖမ်းခံရသူ များတယ်။ တနေကုန် ဘယ်သူမှ ရွာနားကပ်မရတော့ အတိအကျတော့ မသိရဘူး။ ခွေးတွေက မနက်ခင်း အလစ်အပိုက်ကို ရွှေဘို လှတောဘက်ကနေ ဆင်းလာတာပြီး ပစ်ခတ်ပြီး ဝင်စီးတာ။ ရွာ့တောင်ဘက်က လူတွေက ပြေးသာတယ်။ ရွာမြောက်ခြမ်းနဲ့ အနောက်ခြမ်းက အဖမ်းခံရသူ များနိုင်တယ်”လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

နေပလည်(၁၂)နာရီအထိ ရွာသားကြီးရွာထဲက နေအိမ် နှစ်လုံးကို ပြာကျအောင် မီးရှို့ထားပြီး နောက်ဆက်တွဲ မီးရှို့ခံရတဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ရွာလည်ပိုင်းက ဈေးဆိုင်တွေကိုလည်ူ စစ်အုပ်စုက ဖောက်ထွင်းလုယက် ဓားပြတိုက်နေတယ်လို့ ဆိုပါတယ်။

“ယနေ့ နံနက် (၅:၁၅ ) ခန့်တွင် လှတောစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စကစများသည် ရွာသာကြီး ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ဝင်ရောက်လာရာ ပြည်သူ (၃၀)ဦးခန့် လက်နက်ကြီး ထိမှန် ဒဏ်ရာရ။ (၀၉:၁၀)အချိန် အကြမ်းဖက် စကစများ ရွာသာကြီးရွာရှိ အိမ်တစ်ချို့ စတင်မီးရှို့” လို့ ဝက်လက်မြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

ရွာသာကြီးရွာထဲ ဝင်မွှေလုယက် ဓားပြတိုက်နေတဲ့ စစ်အုပ်စုနှင့် လှတောရွာ ရဲစခန်းထဲ အထိုင်ချနေတဲ့ စစ်အုပ်စုဟာ ယခု ည(၁၀)နာရီကျော်အထိ အနီးဝန်းကျင်က ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်နေလို့ အနီးဝန်းကျင်ရွာတွေက ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

“ရွာသာကြီး ဘေးနားက ရွာတေကို လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခက်နေတာ။ လှတော ဘက်က ခွေးတွေကလည်း ရမ်းသမ်းထုနေတယ်။ အခု ညအထိကို ပစ်နေတာ။ ဒီညကို အဲနားက ရွာတေကို အလုံး (၅၀)နဲ့ ပတ် ပစ်မယ်လို့လည်း သတင်း ကြားတယ်။ အခုတော့ ရွာတွေထဲကို ပစ်တာ။ အဲနားက ရွာတွေ အကုန်ထွက်ပြေးနေရတာ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ရွာသာကြီးရွာထဲ ဒေသခံတွေ ထိခိုက်မှု အခြေအနေနှင့် လုယက်ဖျက်ဆီးခံရတဲ့ အခြေအနေတွေကိုတော့ အသေးစိတ် မသိ၇သေးပါဘူး။

ဝက်လက်မြို့နယ် ရွာသာကြီး ကျေးရွာဟာ မန္တလေး - မုံရွာ - ရွှေဘိုလမ်းဆုံမှာ တည်ရှိုပြီး အိမ်ခြေ (၁၀၀၀)ဝန်းကျင်ရှိကာ ဒေသတွင်း စည်ပင်ဖွံ့ဖြိုးတဲ့ ကျေးရွာကြီးတစ်ရွာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲက အိမ်ခြေထောင်ချီပြီး စည်ပင်ဖွံ့ဖြိုးတဲ့ ကျေးရွာကြီးတွေကို ဝင်မွှေလုယက် ဓားပြတိုက်တာ၊ တစ်အိမ်တက်ဆင်း ဖောက်ထွင်းခိုးယူတာ၊ မီးရှို့တာနှင့် ဒေသခံတွေကို ဖမ်းဆီးငွေညှစ် ညှဉ်းပန်း သ-တ်-ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စု သောင်းကျန်းနေလို့ ရွှေဘို-ဝက်လက်-အုန်းတောလမ်း၊ ဝက်လက်-လှတော လမ်းတွေ ကို ဒီမနက်ပိုင်းက စတင်ပြီး ဖြတ်သန်း သွားလာတာ မလုပ်ကြဖို့ ဝက်လက်မြို့နယ် သတင်းမှန် ပြန်ကြားရေးက သတိပေးထားပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #ရွာသာကြီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ