MFP ၊ နိုဝင်ဘာ - ၂
မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း၊ မြန်မာ့စီးပွားရေးဘဏ်မှာ အစောင့်ကျနေတဲ့ စစ်အုပ်စုဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေပြီး ဒီညနေပိုင်း ဆိုင်ကယ်ရပ်မပေးတဲ့ လူငယ်တစ်ဦးကို သေနတ်နဲ့ လိုက်ပစ်ကာ ကျည်ထိမှန် လဲကျသွားချိန် ဆွဲခေါ်သွားတာ တွေ့ရတယ်လို့ စစ်ကိုင်း မြေပြင်ကင်းထောက်အဖွဲ့ - SSN က ဖော်ပြပါတယ်။
"မုံရွာ မြန်မာ့စီးပွားရေး ဘဏ်ရှေ့မှာ ယနေ့ညနေ (၄)နာရီကျော်က ဆိုင်ကယ်စီး အမျိုးသားလူငယ်တစ်ယောက်အား အကြောင်းမဲ့ အော်ဟစ်ခေါ်ဆိုစဉ် ရပ်မပေးတာကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုကြောင့် လူငယ်အမျိုးသား သေနတ်ထိမှန်ပြီး အကြမ်းဖက် စခများက စစ်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်း သိရပါတယ်။ မုံရွာမြို့မှ မိဘပြည်သူများ အနေဖြင့် စီးပွားရေးဘဏ်ရှေ့မှ သွားလာခြင်းများကို ရှောင်ကျဉ်သင့်ပါတယ်။ ယခုအကြိမ်နဲ့ဆို ခုနှစ်ကြိမ်ထက်မနည်း မထင်ရင် မထင်သလို အော်ဟစ် ခေါ်ဆိုပစ်ခတ်၊ အကြမ်းဖက် ငွေညှစ်ခြင်းများ လုပ်ဆောင်ခံရပြီး ဖြစ်တယ်" လို့ စစ်ကိုင်း မြေပြင်ကင်းထောက်အဖွဲ့ - SSN က ဆိုပါတယ်။
စစ်အုပ်စုက သေနတ်မှန်ထားတဲ့ လူတစ်ဦးကို ဆွဲခေါ်သွားတာ တွေ့ရပြီး အသက် ရှင်၊ မရှင်ကိုတော့ အတိအကျ မသိရသေးဘူးလို့ လမ်းသွားလမ်းလာ တစ်ဦးက ဆိုပါတယ်။
စစ်အုပ်စုဟာ မုံရွာမြို့က ရပ်ကွက်တွေ၊ လမ်းတွေကို ပိတ်ဆို့ကာ ဂိတ်တွေဖွင့်ထားပြီး ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးကောက်တာ၊ မူးရူးသောက်စားပြီး ရမ်းကားပစ်ခတ်တာ၊ ကား၊ဆိုင်ကယ် ရပ်မပေးသူတွေကို ပစ်သတ်တာတွေ ထင်တိုင်းကျဲ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ(၉)ရက်က မုံရွာမြို့ မြန်မာ့စီးပွားရေး ဘဏ်ရှေ့မှာ လမ်းသွားလမ်းလာ လူငယ်တစ်ဦးကို စစ်အုပ်စုက ပစ်သတ်ထားစဉ်/Photo - S
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မုံရွာ #စီးပွားရေးဘဏ် #ပြည်သူ
မုံရွာ စီးပွားရေးဘဏ်ရှေ့မှာ စစ်အုပ်စုက လူငယ်တစ်ဦးကို ဆိုင်ကယ်ရပ်မပေးလို့ ဆိုပြီး ပစ်ခတ်ကာ ဆွဲခေါ်သွား၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024