ဖက်ဆစ်တပ်က မီးရှို့လို့ အိုးမဲ့အိမ်မဲ့ ဖြစ်ရတဲ့ စစ်ပြေး ပြည်သူတွေကို PDF တွေက အားပေး၊

ဖက်ဆစ်တပ်က မီးရှို့လို့ အိုးမဲ့အိမ်မဲ့ ဖြစ်ရတဲ့ စစ်ပြေး ပြည်သူတွေကို PDF တွေက အားပေး၊

MFP ၊ သြဂုတ် - ၂၆

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသမှာ ဖက်ဆစ်တပ်က ရွာလုံးကျွတ် မီးရှို့လို့ အိမ်မဲ့အိမ်မဲ့ ဖြစ်ရတဲ့ ပြည်သူတွေနှင့် ဖက်ဆစ်တပ် သောင်းကျန်းနေလို့ ထွက်ပြေးနေရတဲ့ စစ်ပြေးပြည်သူတွေကို ဒေသကာကွယ်ရေး တပ်ဖွဲ့ (PDF)တွေက သွားရောက်တွေ့ဆုံပြီး အားပေးခဲ့တယ်လို့ သတင်း ရရှိပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်သား PDF များဟာ ပြည်သူများနှင့်အတူ ရှိကြောင်း …..၊ ပြည်သူမေတ္တာနှင့် အတူတိုက်ပွဲများ အောင်နိုင်လိုကြောင်း ၊ လိုချင်သော ဒီမိုကရေစီ နိုင်ငံတော် ရသည့်အချိန်ထိ အားမလျော့ ဇွဲမလျော့ဘဲ အတူရပ်တည်ကြရန် ကာကွယ်ရေးတပ်သားများကိုလည်း မိမိတို့၏ သား၊မြေး၊ တူ၊အကို၊ညီ၊ မောင် များကဲ့သို့ သဘောထားပေးကြရန်၊ စစ်ရှောင်ကာလတွင် ဆောင်ရန်၊ ရှောင်ရန်၊ ကြိုတင်ပြင်ဆင်စရာ များကို ရေလယ်ကျွန်းရှိ ကာကွယ်ရေးတပ်သား များကိုယ်စား စစ်ရှောင်စခန်းများသို့ သွားရောက် အားပေးစကား ပြောကြားခဲ့ပါသည်” ရေလည်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဖက်ဆစ်တပ်ဟာ လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ရေစကြိုနယ် ရေလည်ကျွန်းဒေသ ကျေးရွာတွေထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း မီးရှို့နေတာ ဖြစ်ပြီး လက်ရှိမှာ ဖက်ဆစ်တပ် မီးရှို့လို့ လှေခုတ်ရွာနှင့် ငတရော်ရွာ နှစ်ရွာမှာ ရွာလုံးကျွတ် နီးပါး အိမ်ခြေ (၇၀၀)ကျော် မီးလောင်ပြာကျခဲ့ပြီး ဒေသခံပြည်သူ (၁၀၀၀၀)ဝန်းကျင် အိုးမဲ့အိမ်မဲ့ဖြစ်ကာ စစ်ပြေးနေရပါတယ်။

ဖက်ဆစ်တပ်ဟာ ရေလည်ကျွန်းဒေသ မင်းရွာထဲ ဆက်လက် စီးနင်းအထိုင်ချကာ အနီးဝန်းကျင်ရွာတွေကို ဆက်လက် စီးနင်းလုယက် သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို #ရေလည်ကျွန်း #PDF #စစ်ပြေး #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ