ဗန်းမောက်တိုက်ပွဲမှာ အမျိုးသမီး ရဲမေ အပါအဝင် စစ်ကိုင်းတိုင်း PDF အထူးတပ်ဖွဲ့က ရဲဘော် ခြောက်ဦး ကျဆုံး၊

ဗန်းမောက်တိုက်ပွဲမှာ အမျိုးသမီး ရဲမေ အပါအဝင် စစ်ကိုင်းတိုင်း PDF အထူးတပ်ဖွဲ့က ရဲဘော် ခြောက်ဦး ကျဆုံး၊

MFP ၊ အောက်တိုဘာ - ၁၃

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်ထဲ အောက်တိုဘာ(၁၁)ရက်က စစ်အုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကိုင်းတိုင်း PDFအထူးတပ်ဖွဲ့က ရဲမေ မသက်သက်ဝင်း အပါအဝင် ပြည်သူ့ရဲဘော် ခြောက်ဦး ကျဆုံးခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၁၁)ရက်က ဗန်းမောက်နယ် တောင်ပိုင်း နားမော်ရွာအနီး တိုက်ပွဲမှာ PDF အထူးတပ်ဖွဲ့ဝင် ခြောက်ဦး ကျဆုံးခဲ့တာလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

"၁၁/၁၀/၂၀၂၂ ရက်နေ့ ဗန်းမောက်မြို့နယ်တွင် ကျဆုံးသွားသော စစ်ကိုင်းတိုင်း PDF အထူးတပ်ဖွဲ့မှ မသက်သက်ဝင်းနှင့် ရဲဘော် ငါးဦးအား ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ မှ အလေးနီပြု ပါတယ်" လို့ ကသာ ပကဖ က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ အင်အား (၃၀၀)လောက်နဲ့ ဗန်းမောက်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့နေပြီး ဒေသတွင်း ထင်တိုင်းကျဲ အကြမ်းဖက် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ကချင် လွတ်မြောက်ရေးတပ်မတော် - KIA နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဗန်းမောက်နယ် တောင်ပိုင်းမှာ အောက်တိုဘာ လဆန်းက စတင်ကာ စစ်အုပ်စုနှင့် KIA၊ PDF ပူးပေါကင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီးေ အာက်တိုဘာ(၄)ရက်နှင့် (၅)ရက်က တိုက်ပွဲတွေမှာ စကစတွေ အထိနာ အသေအပျောက် များပြီး လက်နက်ခဲ့ယမ်းတွေ သိမ်းပိုက်ရရှိတယ်လို့ ဗန်းမောက်တော်လှန်ရေးအဖွဲ့ - Banmauk Revolution - BR က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

မြေပြင်တိုက်ပွဲမှာ စစ်အုပ်စု အထိနာနေချိန် စစ်အုပ်စုက နှစ်ရက်ဆက် လေကြောင်းကနေ ပစ်ကူပေးခဲ့သလို ဗန်းမောက်မြို့နယ် စီးမော်ရွာက အိမ်ခြေ(၃၀)ဝန်းကျင်ကိုလည်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိအချိန်ထိ ဗန်းမောက်နယ်ထဲ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ကျေးရွာ(၁၀)ရွာခန့်က ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

စစ်အုပ်စုက ဗန်းမောက် အပါအဝင် စစ်ကိုင်းတိုင်း အထက်ပိုင်းက မြို့တွေကို ဖုန်းနဲ့ အင်တာနက် လိုင်းတွေ ဖြတ်တောက်ထားပါတယ်။

ဗန်းမောက်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း PDF အထူးတပ်ဖွဲ့က ပြည်သူ့ရဲဘော် မသက်သက်ဝင်း/Photo - ကသာ ပကဖ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဗန်းမောက် #KIA #PDF #PDFအထူးတပ်ဖွဲ့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ