မုံရွာမှာ Monywa Fighter Group နှင့် ပုဏ္ဍက တပ်ဖွဲ့စခန်း စီးနင်းခံရပြီး ရဲဘော် နှစ်ဦး ကျဆုံး၊ လက်နက်ခဲယမ်းတွေ အပါအဝင် ကျပ်သိန်း(၁၇၀)ကျော်ဖိုး ဆုံးရှုံး၊

မုံရွာမှာ Monywa Fighter Group နှင့် ပုဏ္ဍက တပ်ဖွဲ့စခန်း စီးနင်းခံရပြီး ရဲဘော် နှစ်ဦး ကျဆုံး၊ လက်နက်ခဲယမ်းတွေ အပါအဝင် ကျပ်သိန်း(၁၇၀)ကျော်ဖိုး ဆုံးရှုံး၊

MFP ၊ စက်တင်ဘာ - ၁၈

ဒလန်သတင်းပေးမှုကြောင့် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ထဲက Monywa Fighter Group နှင့် ပုဏ္ဍက ပြောက်ကျားတပ်ဖွဲ့တို့ရဲ့ ပူးပေါင်းစခန်း မနေ့မနက်က စစ်အုပ်စုရဲ့ စီးနင်းတာ ခံရပီး ရဲဘော်နှစ်ဦး ကျဆုံးကာ လက်နက်ခဲယမ်း အပါအဝင် ကျပ်သိန်း (၁၇၀)ကျော်ဖိုး ဆုံးရှုံးခဲ့ရတယ်လို့ Monywa Fighter Group က သတင်း ထုတ်ပြန်ပါတယ်။

မနေ့က စက်တင်ဘာ (၁၇)ရက် မနက်(၅)နာရီကျော်က Monywa Fighter Group နှင့် Black Dragon Special Task Force - Monywa တပ်ခွဲ စခန်း (၃)၊ ပုဏ္ဍက ပြောက်ကျားတပ်ဖွဲ့တို့ရဲ့ ပူးပေါင်းစခန်းနှစ်ခု စီးနင်းခံရတာလို့ ဆိုပါတယ်။

“စော-က်ကောင်စီဘက်မှ အင်အား အများပြားဖြင့် မိန်းမဉာဏ် သုံးပြီး စီးနင်းတိုက်ခိုက်ခဲ့လို့ ကျွန်ုပ်တို့ရဲဘော်များ နှစ်ဦး ကျဆုံးခဲ့ရပြီး အင်အားမမျှသဖြင့် အခြား ရဲဘော်များမှာ ဘေးလွတ်ရာသို့ ဆုတ်ခွာနိုင်ခဲ့ပါသည်။ စော-က်ကောင်စီများ ပြန်ပြီးချင်း ကျဆုံး ရဲဘော်နှစ်ဦး၏ ဘော်ဒီများအား ကောက်ယူနိုင်ခဲ့ပြီး သူရဲကောင်း ပီသစွာဖြင့် ညနေပိုင်း၌ ကောင်းမွန်စွာ သင်္ဂြိုလ်နိုင်ခဲ့ပါသည်” လို့ Monywa Fighter Group နှင့် ပုဏ္ဍက ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

စခန်းနှစ်ခု စီးနင်းခံရမှုမှာ လူနေဆောင် လေးလုံးနှင့် ထုတ်လုပ်ရေး စခန်းတွေ အပါအဝင် ဆိုင်ကယ် လေးစီး၊ လက်လုပ် ကာဘိုင်တွေ၊ (5.56) ကျည်သုံး ဘောက်ထိုးသေနတ်တွေ၊ ရှော့ဂန်းတွေ၊ လက်လုပ် (9MM) မြောင်းပြန်သေနတ်၊ လက်လုပ် (7.62)ကျည်သုံး မောင်းပြန်၊ (၄၀မမ) ဗုံးသီးပစ် သေနတ်၊ ရှော့ဒုံး၊ (၆၀မမ) ဗုံးသီး၊ လက်လုပ်လက်ပြစ်ဗုံးသီးများ ဂလိုက်ဒါ ဖြတ်စက် လေးလုံး၊ ဝရိန်ပုံး၊ ဖြတ်စက်နှင့် ဘထရီ (၂၂)လုံး၊ အဝေးထိန်းရီမုဒ်၊ ယမ်း၊ ကျည်အမျိုးအစားအစုံနှင့် အခြား အသုံးအဆောင် ပစ္စည်းတွေ စုစုပေါင်း တန်ဘိုး ကျပ်သိန်း(၁၇၀)ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

“ကျွန်တော်တို့မှာ အားကိုးစရာ မိဘပြည်သူတွေပဲ ရှိတာမို့ ပြည်လည်ထူထောင်ရေး လုပ်ငန်းတွေမှာလည်း တက်နိုင်တဲ့ဘက်မှ ပါဝင်ကူညီ လှူဒါန်းပေးနိုင်ကြဖို့ မေတ္တာရပ်ခံ တောင်းဆိုလိုက်ရပါသည်” လို့ Monywa Fighter Group က ဖော်ပြပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ မနေ့က မုံရွာမြိုနယ်၊ ညောင်ပင်ရွာမ ကျေးရွာအနီး ပစ်ခတ်မှု ဖြစ်ပြီး အလောင်း နှစ်လောင်းနှင့်အတူ လက်လုပ်သေနတ်မျိုးစုံ (၂၁)လက်၊ (၁၀၇မမ) ရှော့တိုက်ဒုံး တစ်လုံး၊ (၄၀မမ) ဗုံးသီး လေးလုံး၊ အီနာဂါဗုံးသီး တစ်လုံး၊ လက်လုပ်ဗုံး၊ ကျည်ဆံနှင့် ယမ်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ သတင်းဖြန့်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #MonywaFighterGroup #BlackDragonMonywa 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ