ထီးချိုင့်မှာ တိုက်ပွဲဖြစ်ပြီး စကစ (၁၀)ယောက် သေတယ်လို့ NUG ထုတ်ပြန်၊

ထီးချိုင့်မှာ တိုက်ပွဲဖြစ်ပြီး စကစ (၁၀)ယောက် သေတယ်လို့ NUG ထုတ်ပြန်၊

MFP ၊ သြဂုတ် - ၂၂

စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ်မှာ ဒီကနေ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစ (၁၀)ယောက် သေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၂၂)ရက်မှာ ထီးချိုင့်မြို့နယ်၊ ရေဖြူလွင် ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (ကသာခရိုင်) တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့(ထီးချိုင့်) စတဲ့ ပြည်သူ့ကာကွယ်ရေး တပ်သားတွေနှင့် စစ်အုပ်စုကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်ပွားခဲ့ရာ စကစ တပ်သား(၁၀)ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စကစတပ်သားများက ရေဖြူလွင် ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့သည်” လို့ MOD က ဖော်ပြပါတယ်။

ဒါ့အပြင် ဒိနေ့ မနက်(၁၀)နာရီကျော်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာထဲက ထွက်လာတဲ့ စစ်အုပ်စုနှင့် ပျူတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (ရွှေဘိုခရိုင်) တပ်ရင်း(၁၆) က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာမှာလည်း ပျူ သုံးယောက် ထိခိုက်ဒဏ်ရာရပြီး တစ်ယောက် ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ MOD က ဆိုပါတယ်။

ကသာ၊ ကန့်ဘလူစတဲ့ နယ်တွေထဲ စစ်အုပ်စုက ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်းတွေ အသုံးပြုကာ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်း တိုက်ခိုက်နေသလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကသာ #ထီးချိုင့် #ကန့်ဘလူ #PDF #တိုက်ပွဲ #NUG #MOD 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ