ကလေး၊ တမူးနှင့် ဝက်လက်မှာ ပြည်သူ့ရဲတပ်ဖွဲ့တွေ ဖွဲစည်းလိုက်ပြီလို့ NUG ကြေညာ

ကလေး၊ တမူးနှင့် ဝက်လက်မှာ ပြည်သူ့ရဲတပ်ဖွဲ့တွေ ဖွဲစည်းလိုက်ပြီလို့ NUG ကြေညာ

MFP၊ စက်တင်ဘာ - ၁

စစ်ကိုင်းတိုင်းထဲက ကလေး၊ တမူးနှင့် ဝက်လက်မြိုနယ်တွေမှာ မြိုနယ်အဆင့် ပြည်သူ့ရဲတပ်ဖွဲတွေ ဖွဲစည်းလိုက်ပြီလို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာပါတယ်။

၂၀၂၂ခုနှစ် ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေပုဒ်မ ၁၄ (ခ) အရ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရဲတပ်ဖွဲ လက်အောက်မမှာ ကလေး၊ တမူးနှင့် ဝက်လက်မြိုနယ် ရဲတပ်ဖွဲ့တွေကို ဖွဲစည်းလိုက်တာလို့ ဆိုပါတယ်။

NUG ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အခုလို တရားဝင်ဖွဲစည်းကြောင်း မထုတ်ပြန်မီ လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက ကလေးမြို့နယ်ထဲ Kalay Services Police - KSP ဖွဲ့စည်းထားကာ ကလေးမြိုနယ်အတွင်း တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတေံ လုပ်ကိုင်နေပါတယ်။

"ကျနော်တို စဖွဲကတည်းက ယခင်က CDM ရဲတပ်ဖွဲ ယာယီအုပ်ချုပ်ရေး ကော်မတီ (ယခုပြည်သူ့ရဲတပ်ဖွဲ)မှ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး NUG နဲ့ ချိတ်ဆက်မှုရှိခဲ့ပြီး အလုပ်လုပ်ကိုင်ခဲ့တာပါ။ ဒါပေမယ့် ဒီလိုမျိုး အစိုးရက တရားဝင် စာထုတ် အသိအမှတ် ပြုလိုက်တဲ့အတွက် ပိုပြီး တာဝန်ကြီးလေးသွားတယ်လို့ ခံယူထားပါတယ်" လို့ ကလေးနယ် KSP အဖွဲ့က ပြည်သူ့ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

တမူးပြည့်သူ့ရဲ့တပ်ဖွဲ ခေါင်းဆောင်ပိုင်းတွေကလည်း NUG ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ယခင်ကတည်းက အဆက်အသွယ် ရှိထားပြီး မြိုနယ်တွင်း တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေကို တတ်နိုင်သမျှ လုပ်ဆောင်နေတယ်လို့ တမူး ပြည်သူ့ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

NUG အစိုးရ၊ ပြည်ထဲရေး ဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ ရုံးဌာနကို ယခု ၂၀၂၂ နှစ်၊ ဇွန်(၃၀)ရက်မှာ ဖွဲစည်းခဲ့ပြီး ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ယခုနှစ် မေ(၂)ရက်မှာ အတည်ပြု ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကလေးမြို့ ပြည်သူ့ရဲတပ်ဖွဲ့ - KSP က ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိတဲ့ မူးယစ် ဆေးဝါးတွေကို မီးရှိဖျက်ဆီးခဲ့စဉ်/Photo – KSP

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးမြို့ #တမူး #ဝက်လက် #ရဲတပ်ဖွဲ့ #KSP

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ