မြောင်နယ်မှာ စစ်အုပ်စု ရေယာဉ်တွေကို တိုက်ခိုက်၊ သင်္ဘောနှစ်စီး နစ်မြုပ်ပြီး စကစ (၂၀)ကျော် သေဟုဆို၊

မြောင်နယ်မှာ စစ်အုပ်စု ရေယာဉ်တွေကို တိုက်ခိုက်၊ သင်္ဘောနှစ်စီး နစ်မြုပ်ပြီး စကစ (၂၀)ကျော် သေဟုဆို၊

MFP ၊ စက်တင်ဘာ - ၇

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဧရာဝတီမြစ်ထဲ လှည့်ပတ်ကာ လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးတောင်း နေတဲ့ စစ်အုပ်စု ရေယာဉ်တွေကို မနေ့က ညနေပိုင်း ဒေသကာကွယ်ရေး တပ်တွေက တိုက်ခိုက်ခဲ့ရာ သင်္ဘောနှစ်စီး နစ်မြုပ်ပြီး စကစ (၂၀)ကျော် သေတယ်လို့ Wolf Brothers တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၆)ရက် ညနေ(၃)နာရီကျော်က မြောင်မြို့နယ် ကျောက်တန်းရွာအနီး မြစ်ကြောင်းအတိုင်း သွားလာနေတဲ့ စစ်အုပ်စု ရေယာဉ်တွေကို Wolf Brothers ၊ MGN TIGER အဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း (၂) နှင့် ဒေသကာကွယ်ရေး မဟာမိတ်တွေက ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စကစ ဘက်မှ သင်္ဘောနှစ်စီး နစ်မြုပ်သွားခဲ့ပြီး စခ အကောင်ရေ (၂၅)ကောင်ခန့် အဝီစိသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ တိုက်ပွဲသတင်း အသေးစိတ် အချက်အလက်များကို မိဘပြည်သူများအား ဆက်လက် အသိပေး အကြောင်းကြားပါမည်” လို့ ဖော်ပြပါတယ်။

မနေ့က ညနေပိုင်းမှာ စစ်အုပ်စုက ရေယာဉ်လေးစီးနဲ့ လှည့်လည် သောင်းကျန်းနေချိန် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ရေယာဉ် လေးစီးအနက် နှစ်စီး နစ်မြုပ်ပြီး စကစတွေ အများအပြား သေတာလို့ Wolf Brothers တပ်ဖွဲ့က MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ မြောင်နယ်ရဲ့ ဧရာဝတီမြစ် တဖက်ကမ်း မြင်းခြံနယ် ဆီမီးခုံဆိပ်ကမ်းမှာ စစ်သင်္ဘောတွေ အထိုင်ချထားကာ အဲ့ဒီကတဆင့် ဧရာဝတီမြစ်ထဲ လှည့်လည်ပြီး ကုန်တင်သင်္ဘောတွေ၊ ဒေသခံပြည်သူတွေရဲ့ စက်လှေတွေ၊ ရေယာဉ်တွေကို လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးတောင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။

မြောင်နယ် ဧရာဝတီမြစ်ထဲ သွားလာနေတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်တွေကို တွေ့ရစဉ် (ပုံဟောင်း)/Photo - ကိုနွေဦး

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြောင် #ဧရာဝတီ #WolfBrothers #PDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ