ပုသိမ်ကြီးနယ်က ရာအိမ်မှူးကို သေနတ်နဲ့ ပစ်တဲ့ လူငယ်ကို ရွာထဲကလူတွေက လိုက်ဖမ်း

ပုသိမ်ကြီးနယ်က ရာအိမ်မှူးကို သေနတ်နဲ့ ပစ်တဲ့ လူငယ်ကို ရွာထဲကလူတွေက လိုက်ဖမ်း

MFP ၊ ဩဂုတ် - ၉

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းရွာက ရာအိမ်မှူးကို ဒီနေ့ မွန်းလွဲပိုင်းမှာ သေနတ်နဲ့ပစ်ခတ်တဲ့ လူငယ်တစ်ယောက်ကို ရွာထဲကလူတွေက လိုက်ဖမ်းပေးတယ်လို့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။

မဲကင်းကုန်းရွာလယ် မူလတန်းကျောင်းအနီးမှာ ဒီနေ့ နေ့လယ် (၁)နာရီလောက်က ရာအိမ်မှူးကို လူငယ်တစ်ယောက်က သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးချိန် ရွာထဲကလူတွေက လိုက်ဖမ်းတာလို့ ဆိုပါတယ်။

ရာအိမ်မှူးကို ဘာကြောင့်ပစ်ခတ်တယ်ဆိုတာကို မသိရသေးသလို ဖမ်းဆီးခံရတဲ့လူငယ်ရဲ့ နောက်ဆက်တွဲအခြေအနေကိုလည်း မသိရသေးပါဘူး။

ပုသိမ်ကြီးမြို့နယ်ထဲက တော်လှန်ရေးလူငယ်တွေရဲ့သတင်းတွေ စစ်အုပ်စုကို ပေးနေတဲ့ စစ်အုပ်စုထောက်တိုင် အုပ်ချုပ်ရေးမှူးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို တော်လှန်ရေးအင်အားစုတွေက ရှင်းလင်းလေ့ရှိပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုသိမ်ကြီး #မဲကင်းကုန်း #ရာအိမ်မှူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ