Mandalay Black King Scorpion ပြောက်ကျားတပ်ဖွဲ့ကို စစ်အုပ်စုဝင်စီး၊ ရဲဘော်တစ်ဦး အဖမ်းခံရ

Mandalay Black King Scorpion ပြောက်ကျားတပ်ဖွဲ့ကို စစ်အုပ်စုဝင်စီး၊ ရဲဘော်တစ်ဦး အဖမ်းခံရ

MFP ၊ ဩဂုတ် - ၈



မန္တလေးမြို့က ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Mandalay Black King Scorpion(MBKS) တပ်ဖွဲ့ရဲ့ Safe House ကို စစ်အုပ်စုက မနေ့ကညပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။



အဲဒီ Safe House မှာကျန်ခဲ့တဲ့ ရဲဘော်တိမ်ယံနဲ့အတူ ပစ္စည်းအချို့လည်း ပါသွားတာကြောင့် ဆက်စပ်သူတွေ အမြန်ဆုံးရှောင်ကြဖို့ အသိပေးထားပါတယ်။



MBKS ဆိုတာ မန္တလေးတော်လှန်ရေးမြို့ပြတပ်ပေါင်းစုရဲ့ အဖွဲ့ဝင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ပြောက်ကျားတိုက်ခိုက်မှုတွေကို ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။



မန္တလေးမြို့မှာ ဩဂုတ်လ (၁)ရက်နေ့ကလည်း MRRF ပြောက်ကျားတပ်ဖွဲ့ရဲ့ Safe House ကို စစ်အုပ်စု ဝင်စီးခံရပြီးတဲ့နောက် MRRF ခေါင်းဆောင် ဗိုလ်အောင်မြေအပါအဝင် (၉)ဦးထက်မနည်း အသ-တ်ခံခဲ့ရပြီး (၁၅)ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပြောက်ကျားတပ်ဖွဲ့ #SafeHouse #အဖမ်းခံရ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ