စစ်ကောင်စီ ခိုင်းစေတဲ့ လူသ-တ်၊ လုယက်၊ အကြမ်းဖက်မှုတွေ မလုပ်ချင်တော့တဲ့ တပ်ကြပ်တစ်ဦး လက်နက်နဲ့ CDM ဝင်၊ ရံပုံငွေ မရှိပေမယ့် ချေးငှားပြီး ကျပ်သိန်း(၈၀)ချီးမြှင့်၊

စစ်ကောင်စီ ခိုင်းစေတဲ့ လူသ-တ်၊ လုယက်၊ အကြမ်းဖက်မှုတွေ မလုပ်ချင်တော့တဲ့ တပ်ကြပ်တစ်ဦး လက်နက်နဲ့ CDM ဝင်၊ ရံပုံငွေ မရှိပေမယ့် ချေးငှားပြီး ကျပ်သိန်း(၈၀)ချီးမြှင့်၊

MFP ၊ စက်တင်ဘာ - ၁၅

စစ်ကောင်စီက ခိုင်းစေတဲ့အတိုင်း ပြည်သူကို သ-တ်-ဖြ-တ်၊ လုယက်၊ အကြမ်းဖက်တာတွေ မပြလုပ်လိုတော့တဲ့ အတွက် စစ်ကောင်စီ လက်နက်ကိုင် တပ်ကြပ် မင်းသူဟာ လက်နက်နှင့်အတူ CDM ဝင်ရောက်လာခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃) အမိမြေ စစ်ကြောင်းက သတင်း ထုတ်ပြန်ပါတယ်။

“အကြမ်းဖက် မင်းအောင်လှိုင်စစ်တပ်မှ တပ်ကြပ်မင်းသူ ကိုယ်ပိုင်နံပတ် (၃၄၅---) သည် ပြည်သူများအပေါ် အကြမ်းဖက်ခြင်းများ ဆက်လက် မပြုလုပ်လို၍ လက်နက်ခဲယမ်းများဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံလာရာ ကျွန်တော်တို့ ယင်းမာပင်မြို့နယ် တပ်ရင်း (၃) အမိမြေ စစ်ကြောင်းမှ နွေးထွေးစွာကြိုဆိုပြီး ဆုကြေးငွေအဖြစ် ကျပ် သိန်း (၈၀) ချီးမြင့်ခဲ့ပါသည်” လို့ ဖော်ပြပါတယ်။

လက်နက်နဲ့အတူ CDM ဝင်လာတဲ့ တပ်ကြပ်ကို ဆုချီးမြင့်ရာမှာ ကိုယ်ပိုင်ရန်ပုံငွေ မရှိဘဲ ချေးငှားပြီး ချီးမြှင့်ခဲ့တာမို့ အကြွေးပြန်ဆပ်နိုင်ရေး တတ်နိုင်တဲ့ ပြည်သူတွေက ဝိုင်းဝန်းကူညီ ပေးကြဖို့လည်း ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃) အမိမြေ စစ်ကြောင်းက ဖော်ပြထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #CDM #အမိမြေစစ်ကြောင်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ