နယ်မြေစိုးမိုးဖို့ ရပ်ကျေး ပ.က.ဖ တွေ တိုးချဲ့ဖွဲစည်း၊ လက်လုပ် Shot-Gun အလက်(၂၀၀)ကျော် ဖြန့်ဝေပေးပြီးလို့ ရေစကြို ပကဖ ပြော

နယ်မြေစိုးမိုးဖို့ ရပ်ကျေး ပ.က.ဖ တွေ တိုးချဲ့ဖွဲစည်း၊ လက်လုပ် Shot-Gun အလက်(၂၀၀)ကျော် ဖြန့်ဝေပေးပြီးလို့ ရေစကြို ပကဖ ပြော

MFP၊ စက်တင်ဘာ - ၂

နယ်မြေစိုးမိုးရေး အတွက် ရပ်ကွက်၊ ကျေးရွာအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ တွေ ဖွဲစည်းပြီး လက်လုပ် Shot-Gun အလက် (၂၀၀)ကျော် ဖြန့်ဝေပေးထားနိုင်ပြီလို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ရေစကြို ပကဖ က MFP ကို ပြောပါတယ်။

ရေစကြို မြိုနယ်အတွင်း ဖွဲစည်းထားတဲ့ ရပ်ကျေး ပ.က.ဖ တွေကို တစ်ဖွဲချင်းအလိုက် လက်နက် အလုံအလောက် တပ်ဆင်ပေးနိုင်ခြင်း မရှိသေးပေမယ့် ထုတ်လုပ် ရရှိလာတဲ့ လက်လုပ် Shot-Gun တွေကို အချိုးကျပုံစံနဲ့ တပ်ဆင်ပေးနေတာ ဖြစ်တယ်လို ဆိုပါတယ်။

လက်ရှိမှာ Shot-Gun တစ်လက် ထုတ်လုပ်ဖိုအတွက် ပစ္စည်းဖိုးတင် ကျပ်တစ်သိန်းခန့် ကုန်ကျပြီး ကျည်တစ်ထောင့်လျှင် ကျပ်(၆,၀၀၀) ကျသင့်ကာ ယင်းကုန် ကျစရိတ်မှာ ဝရိမ်ဖိုးနှင့် စက်သုံးဆီဖိုးများ မပါဝင်ကြောင်း ရေစကြို ပကဖ ရဲဘော်ဝေကြီးက ရှင်းပြပါတယ်။

"ဒီလုပ်ငန်းစဉ်ကို စခဲ့တာတော့ ကြာပြီလို ပြောရမယ်ဗျ။ ဒါပေမဲ့ အခုမှ အကောင်အထည် ပေါ်တဲ့ သဘောပေါ့။ အားလုံး လက်လုပ် Soot-Gun အလက် (၂၀၀) ကျော် ကျနော်တို့ ဖြန့်ထားနိုင်ပြီ" လို့ ရဲဘော်ဝေကြီးက MFP ကို ပြောပါတယ်။

လက်ရှိမှာ ရေစကြိုနယ်ထဲ ဖွဲစည်းထားပြီးဖြစ်တဲ့ ရပ်ကျေး ပ.က.ဖ တွေထဲက (၄၀)ရာခိုင်နှုန်းကျော်ကို လက်နက်တွေ တပ်ဆင်ပေးထားနိုင်ပြီ ဖြစ်ပြီး Shot-Gun တွေ ဆက်လက်ထုတ်လုပ်နိုင်ဖို အကူ အညီတွေ လိုအပ်နေတယ်လို့ ရေစကြို ပကဖ က ဆိုပါတယ်။

ရေစကြို ပကဖ အနေနဲ့ စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်း မြိုနယ်တွင်း နယ်မြေစိုးမိုးရေး လုပ်ငန်းတွေ အလေးပေး ဆောင်ရွက်နိုင်ရန် ရပ်ကျေး ပ.က.ဖ တွေ ဖွဲစည်းတာနှင့် ဖွဲ့စည်းပြီး ရပ်ကျေးအဖွဲ့တွေကို လက်နက်တပ်ဆင် ပေးနိုင်ရေးလည်း အလေးထားလုပ်ဆောင်နေတယ်လို့ ရေစကြို ပကဖ က ထုတ်ပြန်ထားပါတယ်။

ရေစကြို ပကဖ က ထုတ်လုပ်ပြီး ရပ်ကျေး ကာကွယ်ရေးအဖွဲ့တွေကို ဖြန့်ဝေးပေးနေတဲ့ လက်လုပ် Shot-Gun သေနတ်တွေ/Photo - ရေစကြို ပကဖ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို #ပကဖ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ